အနောက်အုပ်စု အကူအညီအား ဇင်ဘာဘွေဝန်ကြီးချုပ် ယုံကြည်

alt

ဇင်ဘာဘွေ နိုင်ငံ ၀န်ကြီးချုပ် မော်ဂန် ဆာဗန်နာဂီ က ၎င်းသည် အနောက် အုပ်စု အနေ နှင့် ညွန့်ပေါင်း အစိုးရ အပေါ် နွေးထွေးစွာ ကူညီ သွားမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ယခင်က သမ္မတ ရောဘတ်မူဂါဘီ ၏ အတိုက်အခံ အဖြစ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သော ဆာဗန်နာဂီ က အမေရိကန် နှင့် မဟာမိတ် နိုင်ငံများ သည် အာဏာခွဲဝေ အုပ်ချုပ် နေ သည့် ဇင်ဘာဘွေ အစိုးရအား ငွေကြေး တစ်ရပ် ထောက်ပံ့ လာမည်ဟု မျှော်လင့် နေသည်။ လက်ရှိ အခြေအနေ အရ အစိုးရ သည် ဒေါ်လာ (၈.၃) ဘီလျံမျှ လိုငွေပြ နေသော်လည်း အနောက် အုပ်စု နိုင်ငံများက ၀ိုင်းဝန်း လှူဒါန်းမည် ဟု ဆာဗန်နာဂီ က ယုံကြည် လျက်ရှိသည်။ ဇင်ဘာဘွေ နိုင်ငံ သည် စံချိန်တင် ငွေကြေး ဖောင်းပွမှုများ ပေါ်ပေါက်လျက် ရှိပြီး နိုင်ငံရေးအရ ပြန်လည် တည်ထောင်မှုများ ပြုလုပ်ရန် လိုအပ် နေဆဲ ဖြစ်သည်။ သို့သော်လည်း မူဂါဘီ ၏ အာဏာခွဲဝေရေး သဘောတူညီမှုကြောင့် နိုင်ငံတကာမှ နွေးထွေးစွာ တုန့်ပြန်လာမည့် အလားအလာများရှိကြောင်း ဆာဗန်နာဂီ က သုံးသပ် ခဲ့သည်။

ယခုအခါတွင် အနောက်နိုင်ငံများနှင့် အပေါင်းလက္ခဏာဆန်သော ညှိနှိုင်းမှုရလဒ်များ ဖော်ဆောင် နေနိုင်ပြီ ဖြစ်ကြောင်း ဆာဗန်နာဂီက ပြောကြား ခဲ့သည်။ ထို့အပြင် အစိုးရ အနေ နှင့် လိုငွေ စာရင်း ကို အမြန်ဆုံး ပြန်မဖြည့် နိုင်ခဲ့ပါက စီးပွားရေး ပြန်လည် ထူထောင်မှု လုပ်ငန်းများ တွင် များစွာ နောက်ကျ နေဦးမည် ဖြစ်ကြောင်း ဆာဗန်နာဂီ က သတိပေး ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here