ကက်ထရီနာမုန်တိုင်း ဖြစ်ရပ်မှန် ဇာတ်ကားတွင် ၀ီလ်စမစ် ပါ၀င်ဖွယ်

alt

အမေရိကန် နိုင်ငံ တွင် တိုက်ခတ် သွားသည့် ကက်ထရီနာ မုန်တိုင်းကြီး အကြောင်းကို အခြေခံ ရိုက်ကူး ထားသော ဖြစ်ရပ်မှန် အခြေပြု ဇာတ်ကားတွင် မင်းသား ၀ီလ်စမစ် က ခေါင်းဆောင် ပါ၀င်ဖွယ် ရှိနေကြောင်း သိရသည်။

အမေရိကန် သမိုင်းတလျှောက် အဆိုးရွားဆုံး ဟာရီကိန်း မုန်တိုင်းကြီး အဖြစ် မှတ်တမ်းဝင် ခဲ့သော ကက်ထရီးနား ကြောင့် လူ (၂၀၀၀) ကျော် သေကြေကာ (၇၀၀) မျှ ပျောက်ဆုံး သွားခဲ့သည်။ ပျက်စီး ဆုံးရှုံးမှု အစုစု တန်ဖိုး သည် အမေရိကန် ဒေါ်လာ (၁၀) ဘီလျံကျော် အထိ များပြား ခဲ့သည်။ ယခုအခါ Overbrook ဖျော်ဖြေရေး ကုမ္ပဏီ က ထို မုန်တိုင်းကြီး တိုက်ခတ် နေစဉ်ကာလအား ဇာတ်လမ်းဆင်ပြီး ရုပ်ရှင် ဇာတ်ကား တစ်ခု ရိုက်ကူးရန် စီစဉ် လျက်ရှိရာ မုန်တိုင်း အတွင်း ပိတ်မိ နေသူများ ကို ကယ်ဆယ် ခဲ့သည့် ဂျွန်ကယ်လာ အဖြစ် ၀ီစမစ် က သရုပ်ဆောင် ဖွယ်ရှိနေ သည်။ ကယ်လာ သည် မရိန်းတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး မုန်တိုင်း ကာလ အတွင်း လူဦးရေ ရာ နှင့် ချီပြီး ဘေးလွတ်ရာ သို့ ရွှေ့ပြောင်း ကယ်တင် ပေးနိုင်ခဲ့ သဖြင့် အမေရိကန် ၏ သူရဲကောင်း တစ်ဦး အဖြစ် နာမည်ကျော် ခဲ့သူ ဖြစ်သည်။ ယခု ဇာတ်ကား တွင် ၀င်ရောက် သရုပ်ဆောင်ရန် အတွက် စမစ် သည် ကယ်လာ နှင့် လည်း တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိသည်။

အမေရိကန် တွင် အောက်မေ့ ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ အား ဇာတ်လမ်း ဆင်ကာ ရုပ်ရှင်များ ရိုက်ကူး လေ့ရှိပြီး (၉/၁၁) လေကြောင်း တိုက်ခိုက်မှုကြီး နှင့် ပုလဲ ဆိပ်ကမ်း ဗုံးကြဲမှုများ ကိုလည်း ရုပ်ရှင် အဖြစ် အသက်သွင်း ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here