သီရိလင်္ကာ စစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သား အရေအတွက် ထုတ်ပြန်

alt

သီရိလင်္ကာ အစိုးရ က တမီလ်ကျား သူပုန်များအား နှိမ်နင်းခဲ့ရာတွင် သေဆုံး ခဲ့သော စစ်သည် အရေအတွက်ကို တရားဝင် ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်သည်။

အစိုးရ ၏ ကြေညာချက် အရ (၂၅) နှစ်ကြာ သီရိလင်္ကာ အစိုးရ အား အတိုက်အခံ ပြုနေသည့် တမီလ်ကျား တို့အား နှိမ်နင်းခဲ့သော စစ်ပွဲအတွင်း သီရိလင်္ကာ တပ်မတော်သား (၆၂၀၀) သေဆုံးပြီး (၆၀၀၀၀) ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ စာရင်းဇယား သည် စစ်ပွဲ ၏ နောက်ဆုံး (၃) နှစ်တာ ကာလ အတွင်း ကို သာ ဖော်ပြ ထားခြင်း ဖြစ်သည်။ စစ်ပွဲ ပြီးဆုံးပြီ ဖြစ်သော်လည်း သီရိလင်္ကာ နိုင်ငံအတွင်း လုပ်ဆောင်စရာ အခြေအနေများစွာ ကျန်ရှိ နေသေးပြီး ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း သည် စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွား ရသည့် သီရိလင်္ကာ ပြည်သူ (၂၇၅၀၀၀) အတွက် သီရိလင်္ကာ အစိုးရ နှင့် ဆွေးနွေးရန် မေလ (၂၂) ရက် နေ့ တွင် ကိုလံဘို မြို့တော် သို့ ရောက်ရှိ ခဲ့သည်။

သီရိလင်္ကာ စစ်တပ် သည် တမီလ်ကျား သူပုန် ခေါင်းဆောင် ဗယ်လူ ပီလာနီ ပရက်ဟာ ကာရန်း ၏ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ပြည်တွင်း စစ်ကြီး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း ယခု သတင်းပါတ် အတွင်း ကြေညာ ခဲ့သည်။

အစိုးရ တာဝန်ရှိသူများ က စစ်ကြီး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ပေးဆပ် ခဲ့ရသည့် တန်ဖိုးမှာ နှစ်ဖက် စလုံးအတွက် အလွန်များပြား ပါကြောင်း ထုတ်ဖော် ၀န်ခံ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here