၉ ကြိမ်မြောက် အာရှ၊ ဥရောပ အစည်းဝေး နှင့် မြန်မာ

alt

ဗီယက်နန် နိုင်ငံ ဟနွိုင်းတွင် မနက်ဖန် (မေလ ၂၅ ရက် နေ့) စတင် ကျင်းပ တော့မည့် အာရှ၊ ဥရောပ နိုင်ငံများ ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး သည်

ကမာ္ဘအဝှမ်း စီးပွားရေး ကျဆင်းနေမှုများ အပြင်၊ လက်ရှိ မတရား အမှုဆင် တရား စွဲဆို ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ကိစ္စများပါဝင် ဆွေးနွေးနိုင်လိမ့် မည်ဟု လေ့လာသူများ ပြောဆို နေကြသည်။

ကမာ္ဘ့အဝှမ်း စီးပွားရေး ယိုယွင်း ကျဆင်းမှု၊ ကမာ္ဘ့ရာသီဥတု ပြောင်းလဲမှု၊ လက်ရှိ ဖြစ်ပွားနေသည့် H1N1 ကူးစက်ရောဂါ အခြေအနေများ ကို တရားဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်သော်လည်း၊ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့သည် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ နိုင်ငံရေး အခြေအနေများ နှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း အာဆီယံ အဖွဲ့ဝင် သံတမန် တချို့မှ ပြောဆိုခဲ့သည်။။

အဆိုပါ ၉ ကြိမ်မြောက် အာရှ၊ ဥရောပ အစည်းဝေးကို နိုင်ငံပေါင်း ၄၅ နိုင်ငံ မှ ကိုယ်စားလှယ်များ အပါအဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ၃၀ ကျော် ပါဝင်ကာ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အပြင်၊ တရုတ်၊ အိနိ္ဒယ၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် ပါကစ္စတန် နိုင်ငံ များမှ တတ်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကဘဲ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေး သဘောတူညီချက် ဖြင့် မြန်မာ စစ်အစိုးရအား၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ အရေးများ အတွက် ပိုမိုလုပ်ဆောင်လာ စေရန် ရည်ရွယ်၍ အတွက် မြန်မာ စစ်အစိုးရအား ချမှတ်ထားသည့် အရေးယူမှုများ ကို သက်တမ်းတိုး လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here