ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဘာစီလိုနာ နောက်တန်းအတွက် အခက်အခဲကြုံ

alt

ဘာစီလိုနာ နည်းပြ ပက်ဂွာဒီယိုလာ က ၎င်း ၏ အသင်းမှ ကွင်းလယ်လူ ဆီဒေါ်ကီ တာ အား ချန်ပီယံလိဂ် ဗိုလ်လုပွဲ တွင် ဘယ် နောက်ခံလူ အဖြစ်ထား ကစားသွားရန် စီစဉ်ထားခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

မူလက အဲရစ်အဘီဒယ် ပွဲပယ်ခံ ထားရသည့် ဘယ် နောက်ခံ နေရာတွင် ကီတာ အား ကစား စေဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ် နေခဲ့သော်လည်း နည်းပြကြီး က ငြင်းဆန် ခဲ့သည်။

ဘာစီလိုနာ အသင်း ၏ အရံ ဘယ်တောင်ပံ ခံစစ်မှူး ဆီဗင်ဟို မှာလည်း အသက်အရွယ် ကြီးရင့် နေပြီ ဖြစ်သောကြောင့် ဘာစီလိုနာ နောက်တန်း မှာ အခက်အခဲများ ကြံုတွေ့ နေရသည်။ မေလ (၂၂) ရက် နေ့ က ကီတာ ကိုယ်တိုင် က သတင်းထောက်များ အား ၎င်းသည် ရောမမြို့ တွင် ကျင်းပမည့် ဗိုလ်လုပွဲ အတွက် နောက်ခံလူ အဖြစ် ကစားရမည် မဟုတ်ကြောင်း အတည်ပြု ပြောကြား လိုက်သည်။

ဘာစီလိုနာ တွင် အဘီဒယ် မကစား နိုင်သော်လည်း ဆီဗင်ဟို အပါအဝင် ဘယ်နောက်ခံ အတွက် ကစား နိုင်သည့် ထူးချွန် ကစားသမား အများအပြား ရှိကြောင်း ကီတာ က မာကာ သတင်း ဌာန သို့ ပြောကြား ခဲ့သည်။

ကီတာ က ၎င်း အနေ နှင့် နည်းပြ က ဘယ်နောက်ခံ အဖြစ် ကစားစေမည် ဆိုလျင် လည်း ငြင်းပယ် မည် မဟုတ် သော်လည်း ထို နေရာ သည် ၎င်း ၏ အကောင်းဆုံး နေရာ မဟုတ် ဟု လည်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here