H1N1 ကူးစက်ပြန့်နှံ့မှု အလွန်မြန်နေသော်လည်း ကပ်ရောဂါအဆင့် မသတ်မှတ်သေး

alt

H1N1 တုပ်ကွေး ကူးစက် ပြန့်နှံ့မှု သည် အလွန်လျင် မြန်နေသော်လည်း ကမာ္ဘ့ အဆင့် ကပ်ရောဂါအဖြစ် ကြေညာရန် မလိုသေးကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ အကြီးအကဲ ဖြစ်သူ မာဂရက်ချန် က ပြောကြား လိုက်သည်။

ဒေါက်တာ မာဂရက် က လက်ရှိ အချိန်တွင် H1N1 ကူးစက်နေမှုကို မထိန်းချုပ် နိုင်သေး သော်လည်း ပြန့်နှံ့ ကူးစက်နေသော နိုင်ငံ အရေအတွက် သည် (၅၀) ပင် မပြည့်သေးကြောင်း၊ အကယ် ၍ ကမာ္ဘ နှင့် အဝှမ်းဒေသ အသီးသီး သို့ ရောက်ရှိ နေကြောင်း သေချာပါက လက်ရှိ သတ်မှတ် ထားသော အဆင့် (၅) မှ ကမာ္ဘ့ကပ် ရောဂါ အဆင့် (၆) သို့ ချက်ချင်း တိုးမြှင့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မက္ကစီကို နိုင်ငံ မှ စတင် ပြန့်နှံ့လာသော H1N1 တုပ်ကွေးသည် ယခုအခါတွင် နိုင်ငံပေါင်း (၄၁) နိုင်ငံသို့ ပြန့်နှံ့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို ရောဂါအား ကူးစက်ခံရသူ အရေအတွက် မှာ (၁၀၀၀၀) ကျော် သွားပြီ ဖြစ်သလို H1N1 ကြောင့် သေဆုံးသူ ဦးရေမှာလည်း (၈၀) ထိ ရှိသွားပြီ ဖြစ်သည်။

တုပ်ကွေး သည် ဆက်လက် ကူးစက် ပြန့်နှံနေဆဲ ဖြစ်ပြီး ယခုအခါ ပြင်သစ်၊ စပိန် နှင့် ဂျပန် နိုင်ငံ များတွင် ရောဂါကူးစက် ခံရသူ ဦးရေ လျင်မြန်စွာ မြင့်တက်လျှက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here