အတ္တလန္တစ် အာကာသ လွန်းပျံယာဉ် ကမ္ဘာမြေသို့ ပြန်လည်ထွက်ခွာ

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီး အား သွားရောက် ပြင်ဆင်ခဲ့သည့် အတ္တလန္တစ် လွန်းပျံယာဉ် သည် မေလ (၂၂) ရက်နေ့ တွင် မှန်ပြောင်းကြီး ကို စွန့်ခွာ ကာ ကမာ္ဘသို့ ပြန်လာ နေပြီ ဖြစ်ကြောင်း နာဆာ က ကြေညာ လိုက်သည်။

ကနေဒီ အာကာသစခန်း က ဟာဘယ် ဆင်းသက် နိုင်မည့် အချိန် ကို GMT (၁၄းဝဝ) နှင့် (၁၅း၃၉) တစ်ခုခု ဖြစ်နိုင်ကြောင်း ကြေညာ ထားပြီး ရာသီဥတု အခြေအနေမှာ မူ အဆင်းတွင် ပြဿနာ ဖြစ်လာနိုင်ကြောင်း ကြေညာ ထားသည်။

နာဆာ ၏ ရာသီဥတု ခန့်မှန်းမှု ကျွမ်းကျင်သူများ က တစစီ ကွဲနေသော တိမ်လိပ်များ သည် အမြင့်ပေ (၄၀၀၀) တွင် တည်ရှိနေပြီး မိုးကြိုး မုန်တိုင်း တစ်ခု ပေါ်ပေါက် လာနိုင်သည့် အလားအလာများ ရှိနေကြောင်း ပြောကြား ထားသည်။

အာကာသ ယာဉ်မှူးများ မြေပြင် လမ်းကြောင်းရှာရေး အတွက် နာဆာ မှ ကျွမ်းကျင်သူများ က ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး လွန်းပျံယာဉ် ဆင်းသက် လာချိန်တွင် ရာသီဥတု ပြန်လည် သာယာ ကြည်လင်လာမည်ဟု ပညာရှင်များ က မျှော်လင့် ထားသည်။

အတ္တလန္တစ် လွန်းပျံယာဉ် ဆင်းသက်နိုင်မည့် နေရာ (၄) ခုကို နာဆာ က သတ်မှတ် ပေးထားပြီး (၂) ခုမှာ ကနေဒီ အာကာသ စခန်းတွင် ဖြစ်သည်။ ကျန် (၂) နေရာမှာ ကယ်လီဖိုးနီးယား ရှိ အက်ဒွပ် လေတပ် စခန်းတွင် ဖြစ်ပြီး အတ္တလန္တစ် အနေ နှင့် မေလ (၂၃) ရက်နေ့ တွင် မြေပြင် သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here