ရှန်ဟိုင်း World Expo ပွဲတော် အဆောက်အဦး ပုံစံ တရားဝင် ပြသ

alt

ဆွီဒင် နိုင်ငံ သည် (၂၀၁၀) ခုနှစ် တရုတ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ရှန်ဟိုင်း World Expo ပွဲတော် အဆောက်အဦး ပုံစံ ကို တရားဝင် ထုတ်ဖော် ပြသ လိုက်ပြီ ဖြစ်သည်။

ဆွီဒင် အခြေစိုက် အင်ဂျင်နီယာ ဒီဇိုင်း ကုမ္ပဏီ SWECO မှ CEO ဖြစ်သူ အီဝါနိုင်ဂရန် က အဆိုပါ အဆောက်အအုံ ပုံစံသစ် ကို တာဝန်ယူ ရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။ ထို အဆောက်အအုံ ဒီဇိုင်း အား မေလ (၁၄) ရက်နေ့က စတော့ဟုမ်း တွင် ပြသခဲ့သည်။ World Expo ကျင်းပ မည့် အဆောက်အအုံ သည် စတုရန်းမီတာ (၃၀၀၀) ကျယ်ဝန်းမည် ဖြစ်ပြီး တရုတ် ရိုးရာ ပုံစံမျိုး နန်းဆောင် တစ်ခုဆန်ဆန် ဆောက်လုပ် ထားမည် ဖြစ်သည်။ ထို အဆောက်အအုံ သည် ရှန်ဟိုင်း လူနေမှု နှင့် ဓလေ့ သဘာဝ ကို ထင်ဟပ် နေစေမည် ဟု လည်း SWECO မှ ဒီဇိုင်း ပညာရှင် ဂျိုဟန်နက်တူး က ပြောကြား ခဲ့သည်။ ထို နန်းဆောင် သဏ္ဍန် အဆောက်အအုံ သည် ရှန်ဟိုင်းမြို့ပြ အရိပ်အငွေ့များ ကို အခြေခံ တည်ဆောက် ထားသည်ဟု တူး က ဆိုသည်။

ထို အဆောက်အအုံ သည် ခေတ်သစ် ဗိသုကာ အတတ်ပညာ တွင် သစ်သားကို မည်ကဲ့ သို့ အနုပညာ ဆန်ဆန် အသုံးပြု ရမည် ကိုလည်း လက်တွေ့ ပြသ ထားကြောင်း SWECO က ပြောကြား ခဲ့သည်။ (၂၀၁၀) ခုနှစ် World Expo ကို ရှန်ဟိုင်းတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး နိုင်ငံ ပေါင်းများစွာ မှ စီးပွားရေး လုပ်ငန်းများ ပါ၀င် ဆင်နွှဲမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here