ဥရောပ ထီသမိုင်း တလျှောက် အများဆုံး ဆုကြေးပေါ်ထွက်

alt

ပြီးခဲ့သော သီတင်းပါတ် က ထုတ်ပြန် လိုက်သည့် ဥရောပ ထီဆု စာရင်းတွင် စပိန်နိုင်ငံ ထီဌာန မှ ဥရောပ ထီသမိုင်း တလျှောက် ဆုကြေး အများဆုံး အဖြစ် ယူရို (၁၂၆) သန်းဆုကြီး ပေါက်သွား ကြောင်း သိရသည်။

Euro Millions သည် ပြီးခဲ့သော သီတင်း (၆) ပါတ်စာ အတွက် ထီဆု မဖွင့်ခဲ့ဘဲ ယခုမှ ပြန်ဖွင့်ပေးစဉ် ထိုစပိန် ထီလက်မှတ်က ထီပေါက်ခဲ့ခြင်းဖြစ်သည်။

မက်ဒရစ်မြို့ ထီဌာန က အဆိုပါ ဆုကြီး သတင်းကို အတည်ပြု ခဲ့သော်လည်း ကံကောင်းသူ ၏ အမည် နှင့် မည်သည့် နိုင်ငံသား ဖြစ်ကြောင်းကိုမူ မသိရှိရသေးဟု ဆိုသည်။ ထို ဆုငွေသည် ဥရောပ စံချိန်တင် ထီဆု ဖြစ်လာပြီး (၂၀၀၅) ခုနှစ်က အိုင်ယာလန် အမျိုးသမီး ဒေါလောရက်စ် မက်နာမာရာ ရရှိခဲ့သည့် ဆုကြေး ယူရို (၁၁၅) သန်းထက် ပိုမိုများပြား ခဲ့သည်။

ထို ဆုမဲနံပါတ် မှာ ၄၂၉၂၃၃၁၂၄ နှင့် Lucky Stars ၉ နှင့် ၈ တို့ဖြစ်ပြီး ရရှိမည့် ငွေကြေးမှာ ယူရို (၁၂၄၂၃၁၇၆၄) ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here