လုံခြံုရေးကောင်စီ မှ မြန်မာအရေး အတွက် ကြေညာချက် ထုတ်ပြန်

alt

မေလ ၁၉ ရက် နေ့ ကတည်း က ကုလ သမဂ္ဂ လုံခြံုရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ နဲ့ ယာယီ အဖွဲ့ဝင် ၁၀ နိုင်ငံ တွေကြား ညှိနှိုင်း နေခဲ့ ကြတဲ့၊ ပါဝင်မဲ့ အချက်အလက် တွေ

စကားလုံး အသုံးအနှုန်း တွေ ကို သတင်း ထုတ်ပြန်ချက် အနေ နဲ့ ဖြစ်စေ၊ အလှည့်ကျ ဥက္ကဌ က ကြီးမှုးတဲ့ ကြေညာချက် တစောင် အနေ နဲ့ ထုတ်ပြန် မလား ဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့ပြီး၊ မေလ ၂၂ ရက် သောကြာနေ့ မှာတော့ လုံခြံုရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ လုံး က တညီတညွတ် တည်း ထုတ်ပြန် တဲ့သတင်း ကြေညာချက် တစောင် အနေ နဲ့ ထွက်ရှိလာ ကြောင်း သိရှိ ရပါသည်။

သတင်း ထုတ်ပြန်ချက် နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ ဌာနချုပ် မှာ သတင်းထောက် တွေ ကို စကားပြော ခဲ့ သူကတော့ ကုလ သမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Sir John Sawers ဖြစ်ပြီး၊ ထုတ်ပြန်တဲ့ သတင်း ကြေညာချက် မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ရုံးတင် စစ်ဆေးမှုကြောင့် ဖြစ်ပေါ် လာမဲ့ နိုင်ငံရေး အကျိုးဆက်တွေ နဲ့ ပတ်သက်ပြီး စိုးရိမ် မကင်းဖြစ် ရကြောင်း နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ပြန်လွတ် ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် သက်ဆိုင် တဲ့ အဖွဲ့တွေ အားလုံး ပါဝင်တဲ့ စစ်မှန် တဲ့ အမျိုးသား ရင်ကြားစေ့ ဖြစ်ပေါ် လာဖို့ အတွက် လိုအပ် တဲ့ အခြေအနေတွေ ကို ဖန်တီး ပေးဖို့ ကိုလည်း မြန်မာ စစ် အစိုးရ ကို တိုက်တွန်း လိုက်ပါတယ် ဟု သာ  ပါရှိကြောင်း တွေ့ရှိရပါသည်။

လုံခြံုရေး ကောင်စီ ထုတ်ပြန် လိုက်တဲ့ ကြေညာချက် နဲ့ ပတ်သတ်ပြီး၊ နိုင်ငံတကာ ရောက် မြန်မာ့ အရေး လှုပ်ရှားနေသူများ အနေ နဲ့ ကတော့ အခုလို သံတမန်ရေး သတိပေး တဲ့ သဘောကနေပြီး၊ တဆင့်တတ်ခါ binding resolution လို တကယ့် ဆုံးဖြတ်ချက် တွေ ကို လုံခြံုရေး ကောင်စီ အနေ နဲ့ ထုတ်ပြန်သင့် နေပြီ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ သံဃာ လှုပ်ရှားမှု ဖြစ်ပွားအပြီး နဲ့ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက် အပြီး မှာ လည်း ကုလ သမဂ္ဂ အလှည့်ကျ ဥက္ကဌ က ကြီးမှုး ပြီးတော့ ယခု လိုမျိုး တိုက်တွန်းတဲ့ ကြေညာချက် တွေ ကို ထုတ်ပြန်ခဲ့ ကြောင်း လည်း သိရှိ ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here