HIV ဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်း စမ်းသပ် တွေ့ရှိ

alt

AIDS ရောဂါကို တိုက်ဖျက် ရန် ကြိုးပမ်း နေသည့် ဆရာဝန် တစုသည် အကျိုး ဖြစ်ထွန်း နိုင်မည်ဟု ယုံကြည် ရဖွယ် ရှိသော နည်းလမ်း တခုကို စမ်းသပ်မှုများ ပြုလုပ် လျှက်ရှိရာ အောင်မြင်မည့် အလား အလာများ ကြံုတွေ့ နေရ ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဖီလာဒဲယ်ဖီရား ကလေး အထူးကု ဆေးရုံမှ ဒေါက်တာ ဖီးလစ် ဂျွန်ဆင် ဦးဆောင် သည့် သုတေသန အဖွဲ့သည် AIDS ရောဂါကို ဖြစ်ပေါ်စေသည့် HIV ဗိုင်းရပ်စ် မှ လူ့ ကိုယ်ခံ အားများကို ဖျက်ဆီး ပစ်မှုများကို ကာကွယ်နိုင်မည့် နည်းလမ်း တမျိုး ကို စမ်းသပ်ခဲ့ကြသည်။

ထိုနည်းလမ်း အရ လူ၏ အသားထဲသို့ ကိုယ်ခံစွမ်းအင် တိုးမြင့် စေသည့် ဆေးဝါးများ ကို ထိုးသွင်း ပေးခြင်းဖြင့် HIV ၏ အဖျက်စွမ်းအားများမှာ သက်ရောက် နိုင်ခြင်း မရှိတော့ဘဲ လူ၏ ကိုယ်ခံအားကို ယုတ်လျော့ ကျဆင်းအောင် မပြုလုပ် နိုင်တော့ပေ။ ယခု ကုထုံးသည် AIDS ကို ပျောက်ကင်းစေသည့် နည်းလမ်း စစ်စစ်မဟုတ်ဘဲ AIDS ကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းမှုကို တားဆီး လိုက်ခြင်းသာ ဖြစ်ကြောင်း ဒေါက်တာဂျွန်ဆင်က ဆိုသည်။

ဂျွန်ဆင်က ယခုနည်းလမ်းကို ကြွက်များနှင့် မျောက်များတွင် စမ်းသပ် အောင်မြင်ပြီးဖြစ်သော်လည်း လူများတွင် လက်တွေ့ စမ်းသပ်ကုသရန် လိုအပ်ဆဲဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here