အတ္တလန္တစ် အာကာသယာဉ်မှူးများ နှင့် အိုဘားမား ဖုန်းဆက် စကားပြော

alt

အတ္တလန္တစ် လွန်းပျံယာဉ် နှင့် လိုက်ပါ သွားပြီး ဟာဘယ် မှန်ပြောင်းကြီး အား ပြင်ဆင်မှု၊ အဆင့်မြှင့်တင်မှု များ ပြုလုပ် နေသော အာကာသ ယာဉ်မှူးများ နှင့် အမေရိကန် သမတ ဘာရတ် အိုဘားမားတို့ တယ်လီဖုန်း ဖြင့် တွေ့ဆုံ စကားပြောစဉ် အိုဘားမား က ၎င်း၏ နေအိမ် အကြောင်း မေးမြန်း ခဲ့သည်ဟု သတင်းများ က ဖော်ပြ ခဲ့သည်။

အမေရိကန် သမတကြီး သည် မေလ (၂၀) ရက်နေ့က အိမ်ဖြူတော်ရှိ ၎င်း၏ ဘဲဥပုံ ရုံးခန်းမှ အာကာသ ယာဉ်မှူးများ နှင့် တယ်လီဖုန်း ဆက်သွယ် ပြောကြား ခဲ့စဉ် အာကာသ ထဲမှ ၎င်း ၏ အီလီနွိုက်ရှိ နေအိမ် ကို မြင်ရ ပါသလား ဟု မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အိမ်တွင် ဘာတွေ ဖြစ် နေသည်ကို လှမ်းကြည့် ပေးပါဟု အိုဘားမား က အာကာသ ယာဉ်မှူးများ အား ကျီစယ်ခဲ့ပြီး ထို့အပြင် အိုဘားမား က ယာဉ်မှူးများ ၏ ရဲစွမ်းသတ္တိ ကို လည်း ထုတ်ဖော် ချီးကျူး ခဲ့သေးသည်။ အတ္တလန္တစ် နှင့် အတူ လိုက်ပါ သွားသည့် ယာဉ်မှူး (၇) ဦး အနက် (၂) ဦးမှာလည်း အီလီနွိုက် တွင် နေထိုင် ကြသူများ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here