မိုက်ကယ် ဂျက်ဆင် လန်ဒန် ဖျော်ဖြေပွဲရက် ပြောင်းလဲ

alt

မိုက်ကယ် ဂျက်ဆင် ၏ လန်ဒန်မြို့ ဖျော်ဖြေပွဲ ကို ရွှေ့ဆိုင်း လိုက်ကြောင်း ပွဲ စီစဉ်သူများ က ယခု အပါတ် တွင် ကြေညာ လိုက်သည်။

ဇူလိုင်လ အတွင်း ကျင်းပ ပြုလုပ်မည့် ဖျော်ဖြေပွဲ (၄) ပွဲအနက် (၁)ပွဲ ကိုသာ ကျင်းပမည် ဖြစ်ပြီး ကျန်(၃)ပွဲကို (၂၀၁၀) ခုနှစ်၊ မတ်လဆန်း အထိ ရွှေ့ဆိုင်း လိုက်ကြောင်း သိရှိ ရသည်။

အဆိုပါ ရွှေ့ဆိုင်းမှု အတွက် နည်းပညာပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုများ ကို အကြောင်းပြ ခဲ့သော်လည်း ပရိသတ်များ က ထိုဆင်ခြေ ကို ကျေနပ်မှု မရှိကြချေ။ အထူးသဖြင့် ဗြိတိန် နိုင်ငံ ပြင်ပမှ တဆင့် အဆိုပါပွဲ ကို လာရောက် ကြည့်ရှုရန် စီစဉ် ထားသည့် ပရိသတ်များ က ပွဲစဉ် ရွှေ့ဆိုင်းမှု ကို ကန့်ကွက် ခဲ့ကြသည်။

အသက် (၅၀) ရှိပြီဖြစ်သည့် ဂျက်ဆင်၏ ဖျော်ဖြေပွဲကို လာရောက် ကြည့်ရှုနိုင်ရန် လွန်ခဲ့သော (၈) လ ကတည်းက ကြိုတင်လက်မှတ် ၀ယ်ထားသူ ဦးရေမှာ (၈၀၀၀၀) ကျော်ရှိသည်။ ၎င်း တို့သည် ဖျော်ဖြေပွဲသို့ လာရောက်ရန် အတွက် ခရီးသွား အေဂျင်စီများနှင့် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ပွဲရွှေ့ လိုက်သောအခါ သူတို့၏ အစီအစဉ်များ ကမောက်ကမ ဖြစ်ကုန်ကြရသည်။

မတ်လ အတွင်း ကျင်းပမည့် ပွဲများအား မတ်လ (၁) ရက်၊ (၃) ရက်နှင့် (၆) ရက်နေ့ များ တွင် အသီးသီး ကျင်းပသွားရန် စီစဉ်ထားကြောင်း ပွဲစီစဉ်သူ များက ကြေညာ ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here