လိင်တူခြင်း လက်ထပ်တော့မည့် လင်ဆေးလိုဟန် နှင့် ဆမန်သာ

alt

လင်ဆေး လိုဟန် နှင့် ဆမန်သာ ရွန်ဆန် တို့ လက်ထပ်ရန် ပြင်ဆင်နေကြပြီ ဆိုသော သတင်းများ ဟောလီးဝုဒ်တွင် ပြန်လည် ပြန့်နှ့ံလျှက် ရှိသည်။

အသက် (၃၀) အရွယ် ရွန်ဆန်နှင့် အသက် (၂၂) နှစ်အရွယ် လိုဟန် တို့ နှစ်ဦးသည် တနှစ်ခန့် အမျိုးသမီးချင်း ချစ်သူများ အဖြစ် လူသိရှင်ကြား တွဲခဲ့ပြီးနောက် မတ်လ အတွင်းက လမ်းခွဲခဲ့ ကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခု အခါ တွင် ၎င်းတို့နှစ်ဦး ပြေလည်မှု ပြန်ရနေပြီး နောက် လိုဟန် က လက်ထပ် ရန်ပင် စဉ်းစား နေကြောင်း သိရသည်။ လိုဟန် သည် ရွန်ဆန်နှင့် လက်ထပ်ပြီးနောက် ရွန်ဆန်၏ မိသားစု ကိုးကွယ်သော ဂျူးဘာသာဝင် အဖြစ်ပင် ခံယူရန် စဉ်းစားနေကြောင်း သူမနှင့် ရင်းနှီးသူများက ပြောကြားလိုက်သည်။

လိုဟန်၏ သူငယ်ချင်းများက အဆိုတော် မလေးသည် သူမ ကိုယ်တိုင် ဂျူး ဘာသာဝင် အဖြစ် ခံယူမည့် အပြင် သူမ၏ မိသားစုကိုလည်း ဂျူးဘာသာ သို့ ပြောင်းလဲ ကိုးကွယ်ရန် တိုက်တွန်း ပါမည်ဟု ရွန်ဆန် အား ကတိ ပေးထား ကြောင်း ထုတ်ဖော် ပြောဆို ခဲ့သည်။

လိုဟန် နှင့် ရွန်ဆန် တို့သည် လက်ထပ် တော့မည်ဟု သတင်းများ ဖြစ်ပေါ်နေသော်လည်း ၎င်းတို့ နေထိုင်သည့် ကယ်လီဖိုးနီးယား ပြည်နယ် တွင် လိင်တူခြင်း ထိမ်းမြားခွင့် ကို တရားဝင် ပိတ်ပင် ထားသဖြင့် ထိုကိစ္စ အား ခွင့်ပြုမည့် ပြည်နယ် တခုတွင် သာ အကောင်အထည် ဖော်နိုင်ဖွယ် ရှိကြောင်း သတင်းများက သုံးသပ် ဖော်ပြ ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here