မက်ဆီကို အကောင်းဆုံး ထိန်းချုပ်သွားမည့် အဲဗရာ

alt

၎င်း အနေ နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အကောင်းဆုံး ထိန်းချုပ်သွားမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဘယ် တောင်ပံ ခံစစ်မှူး ပက်ထရစ် အဲဗရာ က ပြောကြား လိုက်သည်။

အသက် (၂၇) နှစ်ရှိ ပြင်သစ် လက်ရွေးစင်သည် ထိုပွဲတွင် ဘာစီလိုနာ ၏ ညာတောင်ပံ ထိုးစစ် မှ မက်ဆီ နှင့် ထိပ်တိုက် ရင်ဆိုင်ရဖွယ် ရှိသည်။ အဲဗရာက ၎င်းသည် အကောင်းဆုံး ခံစစ်မှူး တဦး အဖြစ် ကိုယ့်ကိုကိုယ် ခံယူထားပြီး ယမန်နှစ် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင်လည်း မက်ဆီ အား ထိန်းချုပ် နိုင်ခဲ့သော အတွေ့အကြံု ရှိထားကြောင်း ပြောဆို ခဲ့သည်။

မှတ်တမ်းများ အရ အဲဗရာသည် ချန်ပီယံလိဂ်၏ အကောင်းဆုံး နောက်ခံလူ မဟုတ်သေးသော်လည်း ဗိုလ်လုပွဲ အဆင့်တွင် အကြိမ်အများဆုံး အောင်မြင်စွာ ဖျက်ထုတ်နိုင်သူ အဖြစ် မှတ်တမ်း တင်ထား နိုင်ခဲ့သူ ဖြစ်သည်။

အဲဗရာက ယခု ဘောလုံးရာသီ အလယ်ခန့်တွင် ၎င်း၏ခြေစွမ်း မတည်မငြိမ် ဖြစ်ခဲ့သည်ကို ထုတ်ဖော် ၀န်ခံ ခဲ့သော်လည်း ယခုအခါ တွင် ဥရောပအောင်ပွဲ အတွက် အကောင်းဆုံး အနေအထား သို့ ပြန်လည် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ် ဖလား ကို မန်ချက်စတာ အသင်း ကပင် ချန်ပီယံဘွဲ့ ကာကွယ်ပြီး ဆွတ်ခူး ရရှိနိုင်မည်ဟု ယုံကြည် ထားကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here