ပရီးမီးယားလိဂ် အသင်းအလိုက် အကောင်းဆုံး ကစားသမား အချို့

alt

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ နောက်ဆုံး ရာသီသိမ်း ပွဲစဉ်များ ယှဉ်ပြိုင်ရန် နီးကပ် လာသည်နှင့် အတူ တနှစ်တာ အတွင်း အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားခဲ့သည့် ကစားသမားများကို သက်ဆိုင်ရာ အသင်းများ၏ ပရိသတ်များ နှင့် မဲပေး ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြသည်။

အသင်း အတော်များများသည် အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ရွေးချယ် ပေးအပ်သော ဆုများကို မထုတ်ပြန် သေးသော်လည်း ပရီးမီးယားလိဂ် (၈)သင်း ကမူ တနှစ်တာ အတွက် အကောင်းဆုံး ကစားသမား များကို ပရိသတ် နှင့် သက်ဆိုင်ရာ ကစားသမားများက ရွေးချယ် ပေးခဲ့ကြသည်။

အသင်းအလိုက် အကောင်းဆုံး ဆုရ ကစားသမား များမှာ အောက်ပါ အတိုင်းဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် – နီမန်ဂျာဗီဒစ်

အက်စတွန်ဗီလာ – စတီလီယန် ပက်ထရော့

အဲဗာတန် – ဖီးဂျက်ဂလီကာ

မစ်ဒယ်ဘရိုး – တန်ကေးဆန်းလီ

ပို့စ်မောက် – ဂလန်းဂျွန်ဆင်

စတုတ်စီးတီး – အက်ဒူလာရီဖေယီ

ဆန်းဒါးလန်း – ဒန်နီကောလင်း

တော့တင်ဟမ်ဟော့စပါး – အေရွန်လင်နွန် တို့ ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here