တရုတ်နိုင်ငံ တံတားကျိုးကျမှု လူ (၄) ဦး သေဆုံး

alt

မေလ (၁၇) ရက်နေ့က တရုတ်ပြည်၊ ဟူနန် ခရိုင် တွင် ဖြစ်ပွား ခဲ့သည့် တံတားကျိုးမှု ဖြစ်စဉ်ကြီး အတွင်း သေဆုံးသူမှာ (၄) ဦးထက် မနည်း ရှိကြောင်း တရုတ် အာဏာပိုင်များ က အတည်ပြု ကြေညာ လိုက်သည်။

တံတား ကျိုးသွားသည့် အောက်ဘက် တွင် ကားအစီးရေ ဒါဇင် နှင့် ချီပြီး ပိမိသလို ဒဏ်ရာရသူ အများအပြား လည်း ရှိနေကြောင်း သိရသည်။

ယာဉ် အသွားအလာ ထူထပ် များပြားသော နေရာတခု ဖြစ်သည့် အဆိုအပါ ကုန်းကျော် တံတားကြီးတွင် မီတာ (၂၀၀) မျှ ရှည်လျားသော ပြိုကျမှုကြီး ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး ၀န်ထမ်း (၅၅၀) တို့သည် ပိတ်မိပြီး ဒဏ်ရာရနေသူ (၁၇) ဦးကို ရှာဖွေ ကယ်ထုတ် နိုင်ခဲ့ကြသည်။

သို့သော်လည်း နောက်ထပ် ပိတ်မိနေသူများ ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်မည့် မျှော်လင့်ချက် မှာ မှုန်ဝါး နေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးများ က ပြောကြား လိုက်သည်။ ၎င်းတို့ သည် မြေတူးစက် အခု (၃၀) ကို အသုံးပြုကာ ပြိုကျ နေသည့် အပျက်အစီးများ ကို ဖယ်ရှား ဖောက်ထုတ်ပြီး အသက်ရှင် ကျန်သူများကို ရှာဖွေ နေကြသည်။

တံတား ပြိုကျချိန် တွင် မော်တော်ယာဉ် (၂၇) စီး ဖြတ်သန်း သွားလာလျှက် ရှိပြီး မော်တော်ယာဉ် (၉) စင်းမှာ အပျက်အစီးများ ကြားတွင် ပိတ်ညပ် နေကြောင်းလည်း သတင်းများ က ဖော်ပြ ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here