မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ခဲ့သည့် ကန် စစ်သားဟောင်း ထောင်ဒဏ် တသက်ချမှတ်ခံရ

alt

အီရတ် တွင် မုဒိမ်းမှု နှင့် လူသတ်မှုများ ကျူးလွန် ခဲ့သည့် အမေရိကန် စစ်သား ဟောင်း တစ်ဦးအား ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ကြောင်း သိရှိ ရသည်။

တက္ကဆက် နယ်ဖွား စတီဖန် ဒေးဂရင်း ၏ အမှုအား ကြားနာမှုများ ပြုလုပ် ပြီးနောက် မေလ (၂၁)ရက်နေ့က ၎င်း ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်မှု များ အတွက် ထိုက်တန်သော ပြစ်ဒဏ်ကို ချမှတ် ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၄) နှစ် အရွယ် စတီဖန် ၏ ဖခင်ဖြစ်သူ ဂျွန်ဂရင်း ကမူ အမေရိကန် တရားရုံး ၏ ပြစ်ဒဏ် ကို စိတ်ပျက်မိကြောင်း ပြောကြား ခဲ့ပြီး စတီဖန် သည် (၂၀၀၆) ခုနှစ် မတ်လ အတွင်းက ဘဂ္ဂဒက်မြို့မှ တောင်ဘက်မိုင် (၂၀) အကွာရှိ မာမွန်ဒီယာ အနီး တွင် အဘီယာ ကွာဆီယမ် အယ်ဂျန်ဘီ  အမည်ရှိ (၁၄) နှစ် သမီးလေးကို မုဒိမ်းကျင့်ပြီး မျက်နှာကို သေနတ် နှင့် ပစ်သတ် ခဲ့ခြင်း ဖြစ်သည်။

၎င်း သည် အဘီယာ အား မုဒိမ်း မကျင့်မီ သူမ ၏ မိဘ နှစ်ပါး နှင့် အစ်မ တို့ကိုလည်း အသေ ပစ်သတ် ခဲ့ သေးသည်။ စတီဖန် သည် ကိစ္စ အားလုံး ပြီးဆုံးချိန် တွင် အဘီယာ ၏ အလောင်း ကို မီးရှို့ ဖျောက်ဖျက် ပစ်ခဲ့ သူဖြစ်သည်။

စတီဖန်သည် အမှတ် (၁၀၁) လေထီးခုန် ဗုံးကြဲ တပ်ရင်း တွင် တာဝန် ထမ်းဆောင်သူ ဖြစ် သဖြင့် ၎င်းအား ကြားနာမှု ကို အနောက်ဘက် ကန်တက်ကီ တွင် ပြုလုပ် ခဲ့သည်။

တရားသူကြီး အဖွဲ့က စတီဖန် ကျူးလွန်ခဲ့သော ပြစ်မှု သည် သေဒဏ် အထိပင် ထိုက်တန်ကြောင်း ကြေညာ ခဲ့သော်လည်း တသက်တကျွန်း ထောင်ဒဏ် ကိုသာ ချမှတ် ခဲ့သဖြင့် စတီဖန် သည် ကျန်ရှိသော ၎င်း ၏ ဘဝ သက်တမ်း ကို သံတိုင်များ နောက်တွင် ပင် ကုန်ဆုံး ရတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here