နာဆာနှင့် အပြိုင် ဥရောပ အာကာသ အေဂျင်စီမှ နက္ခတ္တဗေဒမှန်ပြောင်း လွှတ်တင်

alt

နာဆာ နှင့် အပြိုင် အာကာသ လေ့လာရေး လုပ်ငန်းများ ကို အရှိန်မြှင့်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဥရောပ အာကာသ အေဂျင်စီ က ကြီးမားသော နက္ခတ္တဗေဒ လေ့လာရေး မှန်ပြောင်းကြီး တခုကို အာကာသ အတွင်း လွှတ်တင် လိုက်ပြီ ဖြစ်သည်။

မေလ (၁၄) ရက် နေ့က ဟာချယ် အာကာသ မှန်ပြောင်းကြီး တင်ဆောင် သွားသည့် Arian 5 လွန်းပျံယာဉ် ကို ပြင်သစ် ဂွီအာနာ မှ လွှတ်တင် လိုက်ခြင်း ဖြစ်သည်။ ထို အာကာမှန် ပြောင်းကြီး လွှတ်တင် ရခြင်းမှာ အာကာသ ၏ ဖြစ်တည်မှု မူလ အစ ကို လေ့လာ နိုင်ရန် ဖြစ်ကြောင်း ပြင်သစ် နိုင်ငံ ဂြိုဟ်တု လွှတ်တင်ရေး ဌာန Arianespace မှ CEO ဖြစ်သူ ဂျင်းယက်လီဂေါ က ပြောကြား ခဲ့သည်။

ဟာချယ် မှန်ပြောင်းကြီး သည် နာဆာ မှ လွှတ်တင် ထားသည့် နာမည်ကျော် ဟာဘယ် မှန်ပြောင်း ကဲ့သို့ပင် အာကာသ ၏ လျှို့ဝှက်ချက်များ ကို ရှာဖွေဖော် ထုတ်ပေးနိုင်မည် ဟု ဥရောပ အာကာသ အေဂျင်စီ က ယုံကြည် ထားသည်။

ဟာချယ်သည် လွှတ်တင် ခဲ့သမျှ မှန်ပြောင်းများ အနက် အကြီးမားဆုံး ဖြစ်ပြီး ဂြိုဟ်များ မည်ကဲ့သို့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာသည် ဆိုသော လျှို့ဝှက်ချက်များ ကို ဖော်ထုတ် နိုင်မည်ဟု ဥရောပ အာကာသပညာရှင်များ က မျှော်လင့် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here