H1N1 တုပ်ကွေး ကူးစက်ခံရသူ တစ်သောင်းကျော်ပြီ

alt

မေလ (၂၀) ရက်နေ့ အထိ ကမာ္ဘတဝှမ်းတွင် H1N1 တုပ်ကွေး ကူးစက် ခံရသူ ဦးရေမှာ (၁၀၀၀၀) ကျော်သွားပြီဟု ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်ပြီ ဖြစ်သည်။

WHO မှ ထုတ်ပြန်သော စာရင်းအရ မေလ (၂၀) အထိ ရောဂါကူးစက် ခံရသူ ဦးရေမှာ (၁၀၂၄၃)ဦး ရှိပြီး ထိုရောဂါကြောင့် သေဆုံးသူ ဦးရေမှာ (၈၀) ရှိပြီဟု သိရသည်။

H1N1 ရောဂါပိုး ပြန့်နှံ့နေသည့် နိုင်ငံအရေအတွက် မှာလည်း (၄၁) နိုင်ငံထိ ရှိလာပြီ ဖြစ်ကြောင်း WHO က စာရင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံတွင် (၅၄၆၉)ဦး ရောဂါ ကူးစက်ခံရပြီး မက္ကစီကိုတွင် (၃၆၄၂၈)ဦး ကူးစက် ခံထားရသည်။

ကနေဒါတွင်မူ (၄၉၆)ဦး ရှိနေပြီး ဂျပန်နိုင်ငံတွင် တုပ်ကွေး ကူးစက်မှုသည် တိုကျိုမြို့တော်အထိ ရောက်ရှိလာပြီဟု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ခန့်မှန်းထားကြပြီး ကူးစက်ခံရသူ (၂၁၀) ထက်မနည်း ရှိနေပြီဖြစ်သည်။ စပိန်တွင်မူ (၁၀၇)ဦး၊ ပနားမားတွင် (၆၅)ဦးထိ H1N1 ကူးစက်ခံရသူ အရေအတွက် တိုးပွားလာလျှက် ရှိသော်လည်း WHO က ရောဂါပြင်းအား အဆင့်ကို တိုးမြှင့်ခြင်း မပြုဘဲ အဆင့်(၅)တွင်သာ ဆက်လက် ထားရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here