ဂီတလောကသို့ ခြေချဖို့ ကြံနေသည့် Transformers မင်းသား

alt

မင်းသား ရှားလေဘော့ က ၎င်းသည် ဂီတ လောကသို့ ၀င်ရောက်ရန် ပြင်ဆင်နေကြောင်း ပြောကြား လိုက်သည်။

Transformers ရုပ်ရှင်ဖြင့် တဟုန်ထိုး ကျော်ကြားလာသော မင်းသားသည် ယခင်က အခြားသော မင်းသား အတော်များများ ပြုလုပ်ခဲ့သည့် လမ်းစဉ် အတိုင်း ရုပ်ရှင် နှင့် ဂီတ နယ်ပယ် နှစ်ခုလုံးတွင် ပူးတွဲ ရပ်တည်ရန် စဉ်းစားနေပြီ ဖြစ်သည်။

ရှား က ၎င်းသည် ဂျက်စတင် တင်းဘားလိတ် ကို သဘောကျသူ ဖြစ်ပြီး သီချင်း ဆိုရလျှင် စိတ်လှုပ်ရှား နေတတ်ကြောင်း ထုတ်ဖော် ၀န်ခံလိုက်သည်။ ထို့အပြင် ရှားက ဒါရိုက်တာ အလုပ်ကိုလည်း စိတ်ဝင်စားပြီး ၎င်း၏ မိတ်ဆွေဖြစ်သူ Rap အဆိုတော် Cage ၏ အယ်ဘမ်သစ် I Never Knew You တွင် ဒါရိုက်တာ အဖြစ် ၀င်ရောက် ကူညီရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ အယ်ဘမ်ကို ရှား က နောက်ခံ စကားပြော ပုံစံမျိုးဖြင့် တင်ဆက်ရန် စဉ်းစားထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ရှားသည် မကြာသေးမီ ကမှ ၎င်းသည် နာမည်ကျော် အဆိုတော် ရီဟာနာနှင့် ဇာတ်လမ်း ဖြစ်ခဲ့သေးကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့ သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here