ဒေါ်အောင်ဆန်းစုကြည် နှင့် ယက်တော ကို ဟောင်ကောင် မြန်မာ ကောင်စစ်ဝန်ရုံး မှ သမုတ်

alt

ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန် ရုံး ၏ ဝဘ်ဆိုဒ်တွင် နေအိမ်ခြံဝင်း အတွင်းသို့ အခွင့် မရှိဘဲ ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်တော သည်

ဒေါ်အောင်ဆန်းစုကြည် ၏ ချစ်သူ ရည်းစား ဖြစ်နိုင်သည်ဟု စာရေးသား၍ ဖော်ပြထားခဲ့သည်။

အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသော “ထောက်လှမ်းရေး လား? ရည်းစားလား ? ” ဆိုသော စာကို ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန် က လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။

“စာဖတ်သူများ ခင်ဗျား” ဟု အစ ချီထားသော စာတွင် “ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား အင်လျားကန်ကို ရေကူးပြီး ခိုးဝင်ခဲ့သော အမေရိကန် တယောက်အကြောင်း ကျနော်တို့ရဲ့ မိတ်ဆွေအချို့က မေးမြန်း စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူ ဘာကြောင့် ရေကူးပြီး သူမ ဆီကို သွားတယ်ဆိုတာနဲ့ သူမရဲ့ အိမ်မှာနေခဲ့တဲ့ အချိန်အတွင်း ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကို သူတို့ မေးခွန်းထုတ်ခဲ့ကြ ပါတယ်။” ဟု ရေးသားထားသည်။

တဆက်တည်းမှာပင် “မိတ်ဆွေများခင်ဗျား” အစ ချီကာ စာပြန်ထားဟန်ဖြင့် ” ရင်းရင်းနှီးနှီး ပြောရရင်ဖြင့် သူဟာ ထောက်လှမ်းရေး တယောက်လား? သူမရဲ့ ရည်းစားလား? ဆိုတာကို အခုအချိန်မှာတော့ ကျနော်တို့ မသိရသေးပါဘူး။ ကျနော်တို့ ဆက်လက် လေ့လာပြီး ပြောပါမယ်။” ဟုဆိုကာ ရေးသားထားသည် ကိုတွေ့ရှိရသည်။

ထို အငြင်းပွားဖွယ်ရာ ဖြစ်ရပ်အား ရေးသားသူ သံအမှုထမ်း ဦးရဲမြင့်အောင်သည် ရိုဟင်ဂျာများသည် “ဘီလူးလို ရုပ်ဆိုးသည်” ဟုဆိုကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ယခုနှစ် အစောပိုင်းက နိုင်ငံတကာ အွန်လိုင်း အင်တာနက် စာမျက်နှာများတွင် စာရေးသား ပေးပို့ကာ ဝါဒဖြန့်ချီ ပြောခဲ့သူလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here