စစ်အစိုးရ ကို လုံခြံုရေးကောင်စီထံ ဟားဗတ် ပါရဂူတွေ တိုင်ချက်ဖွင့်ပြီ

alt

ဆူဒန်နိုင်ငံ ဒါဖေါ၊ ရဝမ်ဒါ၊ ယူဂိုဆလားဗီးယား နိုင်ငံများ ကဲ့သို့ စနစ်တကျ လူ့ အခွင့်အရေး ချိုးဖေါက်မှု များ ကျူးလွန်ခဲ့သော မြန်မာ စစ် အစိုးရ အား ကုလ သမဂ္ဂ လုံခြံုရေး ကောင်စီမှ စတင် ကြားနာ နိုင်ရန်

လွန်ခဲ့သော ၁၅ နှစ် မှပင် စတင် ကျူးလွန် ခဲ့ကြောင်း သက်သေပြ ၍ ဟားဗတ် ဥပဒေ ရေးရာ တက္ကသိုလ် မှ အဆို တင်သွင်း လိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် ကြေညာ လိုက်သည်။

ထို စာတမ်းတွင် စစ်အစိုးရ၏ စနစ်တကျ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ကိစ္စရပ်များ၊ လူသား မျိုးနွယ်ဆိုင်ရာ နှိပ်ကွပ်မှု မှုခင်းများ၊ စစ်ပွဲများ အတွင်းမှ မျိုးဖြုတ် သုတ်သင်မှုများ အား နိုင်ငံတကာ ဥပဒေများ ဖြင့် တရား စွဲဆိုနိုင်ရန် တင်ပြ ထားကြောင်း ထို စာတမ်း တွင် ဖေါ်ပြ ထားသည်။

ထို စာတမ်း တွင် အရေးပါသော အချက်မှာ နိုင်ငံတကာ ဥပဒေ ပညာရှင် ၅ ဦးမှ ထည့်သွင်း ဖေါ်ပြသော လတ်တလော ဖြစ်ရပ် အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အိမ်ချုပ် သက်တမ်း တိုးမြှင်ချင်သဖြင့် အမေရိကန် နိုင်ငံသား ရေကူး ဝင်ရောက်သူ နှင့် မတရား အမှုဆင်၍ ဖမ်းဆီး ထားခြင်းပါ ထည့်သွင်း သုံးသပ် ဖေါ်ပြ ထားသည်။

ထို ဥပဒေပြု ပညာရှင်များ ရေးသား ထားသော စာတမ်းတွင် မြန်မာပြည် အရှေ့ဖျား ဒေသများ တွင် အပြစ်မဲ့ ပြည်သူများ အပေါ် အတင်းအဓမ္မ ရွာပေါင်း ၃၀၀၀ ကျော်ရွေ့ပြောင်း နေထိုင်စေခြင်း၊ လိုင်စင်ရ မုဒိမ်းမှု ကျူးလွန်ခြင်း၊ ညှဉ်းပမ်း နှိုပ်စက်ခြင်း၊ မျိုးဖြုတ် သုတ်သင်ခြင်း၊ ဘာသာရေး အား စော်ကား ပိတ်ပင်ခြင်း၊ စသည်တို့ ကိုဖေါ်ပြ ထားသည်။

မြန်မာ စစ် အစိုးရ မှာ ကုလသမဂ္ဂ၊ ၎င်း ၏ မဟာမိတ် နိုင်ငံများ နှင့် လုံခြံုရေး ကောင်စီ ၏ ယခင် ဆုံးဖြတ်ချက်များ ကို တရုတ်နှင့် ရုရှား နိုင်ငံကြီးများ ၏ ကျောထောက် နောက်ခံပြုလျှက် မြန်မာ နိုင်ငံ ၏ အခြေအနေမှန်များကို ဖုံးကွယ်လျှက် ရှိနေသေးပြီး၊ ယခု နိုင်ငံတကာ လူ့ အခွင့်ရေး ချိုးဖေါက်မှု စွပ်စွဲချက် စာတမ်းကို ဟားဗတ် တက္ကသိုလ် ဥပဒေရေး ရာ ဋ္ဌာနမှ ဂျူရီ ရစ်ချတ် ဂိုးလ်စတုန်း ( တောင်အာဖရိက )၊ ဂျူရီ ပက်ထရစ်ရှာ ဝေါ့ဒ် ( အမေရိကား )၊ ဂျူရီ ပက်ဒရို နီကန်းင် ( ဗင်နီဇွဲလား )၊ ဂျူရီ ဂန်ဇိုရစ်ဇ် ဂွမ်ဘို ဆူရန် ( မွန်ဂိုလီယား )၊ ဂျူရီ ဆာ ဂူဖရေး နိုက် ( ဂရိတ် ဗြိတိန် ) နိုင်ငံတို့ မှ လုံခြံုရေး ကောင်စီ ထံ ရေးသား တင်သွင်းခြင်း ဖြစ်သည်။

ဟားဗတ် ဥပဒေ ရေးရာ တက္ကသိုလ် မှ အဆို တင်သွင်း လိုက်သည့်¨World’s Leading Jurists Call for Investigation into Crimes against Humanity and War Crimes in Burma¨ စာတမ်း အပြည့်အစုံကို ရယူရန်

LEAVE A REPLY

Please enter your comment!
Please enter your name here