ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ပင်နယ်တီ အဆုံးအဖြတ် အထိ ကစားရနိုင်ဟု မော်ရင်ညိုခန့်မှန်း

alt

အင်တာမီလန် နည်းပြကြီး ဟိုဆေး မော်ရင်ညိုက မေလ (၂၇) ရက်နေ့တွင် ကျင်းပမည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲသည် ပင်နယ်တီ အဆုံး အဖြတ် အထိ အကြိတ်အနယ်

ကစားသွား ရနိုင်ကြောင်း သုံးသပ် ပြောကြားလိုက်သည်။

အီတလီနိုင်ငံ ရောမမြို့ရှိ အိုလံပီကို အားကစား ကွင်းကြီးတွင် ကျင်းပမည် ဖြစ်သော အဆိုပါ ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် ရော၊ ဘာစီလိုနာပါ တစ်သင်း နှင့် တစ်သင်း ခြေစွမ်းခြင်း မကွာသဖြင့် ပင်နယ်တီ အထိ ရောက်ရှိ သွားနိုင်သည်ဟု မော်ရင်ညို က ဆိုသည်။

ချဲလ်ဆီး အသင်း နည်းပြဟောင်းလည်း ဖြစ်သည့် ပေါ်တူဂီ သားကြီးက ဘာစီလိုနာ အသင်းအတွက် အဓိက ဒုက္ခပေးမည့်သူမှာ မန်ချက်စတာ မှ ထွက်ခွာတော့မည်ဟု သတင်းကြီးနေသော တိုက်စစ်မှူး ကားလို့(စ်) တီဗက်စ် ဖြစ်လာနိုင်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

၎င်းအနေနှင့် ထိုနှစ်သင်းတွင် မည်သည့်အသင်း ချန်ပီယံ ဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲပါကြောင်း မော်ရင်ညိုက ၀န်ခံခဲ့သည်။ မော်ရင်ညိုသည် မကြာသေးမီကမှ (၂၀၀၈-၀၉) ခုနှစ် အီတလီ စကူဒက်တို ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ် ၏ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here