ဦခေါင်းခွံ အောက်သွေးခဲမှုအား လွန်ပူအသုံးပြု ကုသပေးခဲ့

alt

ဩစတြေးလျ နိုင်ငံတွင် ဦးခေါင်းခွံ အောက်၌ သွေးခဲသည့် အခြေအနေ ကြံုနေသော ကလေးငယ် တစ်ဦးအား ဆရာဝန် ဖြစ်သူက လွန်ပူကို အသုံးပြုပြီး ခဲနေသော

သွေးကို ဖောက်ထုတ် ပေးခဲ့ရကြောင်း သိရှိ ရသည်။

ဗစ်တိုးရီးယားရှိ မာရီဘရိုး မြို့လေးမှ တိုက်နယ်ဆေးရုံသို့ နစ်ကိုလဒ်ရော့စီ ဆိုသူ (၁၂)နှစ်သား လူငယ်လေးသည် စက်ဘီးမှောက်ရာမှ ဦးခေါင်းကို ထိခိုက်မိပြီး ရောက်ရှိလာခဲ့သည်။

ဆေးရုံမှ တာဝန်ကျ ဆရာဝန် ရော့ဒ်ကာဆင်သည် အခြေအနေကို စစ်ဆေးပြီးနောက် ဦးခေါင်းခွံ အတွင်းတွင် သွေးခဲ နေပြီးနောက် ဦးနှောက်ကို ဖိမိနေသဖြင့် မခံမရပ်နိုင်အောင် နာကျင်နေခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ကလေးငယ်၏ အသက်ကို အလျင်အမြန် ကယ်တင်ရန် လိုအပ်နေသဖြင့် ဦးခေါင်းခွံအောက်မှ သွေးခဲကို အလျင်အမြန် ဖယ်ရှားရန် ကာဆင်က ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း နယ်ဆေးရုံလေး ဖြစ်သဖြင့် ခွဲစိတ်ကိရိယာ အလုံအလောက် မရှိသော အခြေအနေကို ကာဆင်က စွန့်စွန့်စားစား ဆုံးဖြတ်ချက် တစ်ခုဖြင့် လွန်ပူကို အသုံးပြုလိုက်သည်။

၎င်းသည် မဲဘုန်းရှိ ဦးနှောက်နှင့် အာရုံကြော အထူးကုဌာနသို့ လှမ်းဖုန်းဆက်ပြီး အကြံဉာဏ်ယူကာ နစ်ကိုလက်၏ ဦးခေါင်းခွံအား လွန်ပူနှင့် ဖောက်ပြီး သွေးခဲများကို ဖယ်ထုတ်နိုင်ခဲ့သည်။ ၎င်း၏ လက်ထောက်က Operation တစ်ခုလုံး ကြာမြင့်ချိန်သည် (၁)မိနစ်မျှသာ ရှိသလို နစ်ကိုလက်၏ ခေါင်းခွံကို အပေါက်လေး(၁)ပေါက်သာ ဖောက်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။

သွေးခဲများ ဖယ်ထုတ်ပြီး အသက်ဘေးမှ စိတ်ချရသော အနေအထား ရောက်လာသည့် နစ်ကိုလဒ် အား ယခုအခါတွင် မဲဘုန်းမြို့ တော်ဝင် ကလေးဆေးရုံတွင် ပြောင်းရွှေ့ ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here