ပေ့ါပ် အဆိုတော်အား သတ်ဖြတ်မှု အတွက် အီဂျစ်သူဌေးအား သေဒဏ်ချမှတ်

alt

လက်ဘနွန် မှ နာမည်ကျော် Pop အဆိုတော် ဆူဇန်တမ်မင်း အား သတ်ဖြတ်ခဲ့မှု အတွက် အီဂျစ် ကုဋေကြွယ် သူဌေးကြီး ဟီရှမ် တားလက် မူစတာဖာ အား အီဂျစ် နိုင်ငံ၊ ကိုင်ရို တရားရုံး က

သေဒဏ် ချမှတ် လိုက်သည်။

သူဌေးကြီး သည် တမ်မင်း နှင့် တိတ်တိတ်ပုန်း ချစ်သူများ ဖြစ်နေပြီး တမ်မင်းက ၎င်း အား စွန့်ခွာကာ အီရတ်မှ ကစ်ဘောက်ဆာ ချန်ပီယံ တစ်ဦး အား လက်ထပ်သွား ပြီးနောက် မူစတာဖာ က လူငှားကာ တမ်မင်းအား သတ်ဖြတ် စေခဲ့သည်။

၎င်း ငှားရမ်း ခဲ့သူမှာ ပင်လယ်နီ ဒေသရှိ လေးရာသီ ဟိုတယ် မှ လုံခြံုရေးမှူး မာဆန်အယ် ဆူကာရီး ဆိုသူ ဖြစ်ပြီး ၎င်းသည် လည်း သေဒဏ် ချမှတ် ခြင်းခံ ခဲ့ရသည်။ တမ်မင်း သည် သေဆုံးချိန် တွင် အသက် (၃၀) သာရှိပြီး ပြီးခဲ့သည့် နှစ် ဇူလိုင်လ (၂၈) ရက်နေ့က ဒူဘိုင်း ရှိ မူစတာဖာပိုင်သော စံအိမ်တွင် ဓားဖြင့် ထိုးသတ် ခံရ ခြင်း ဖြစ်သည်။

မူစတာဖာ သည် ထို ကိစ္စ အတွက် ဆူကာရီး အား ဒေါ်လာ (၂) သန်း ပေးခဲ့ ရသည်။ မူစတာဖာ သည် တရားစွဲ ခံရချိန် တွင် ၎င်း ၏ အရှိန်အဝါ ကို အသုံးချပြီး လွတ်မြောက်ရန် ကြိုးပမ်း ခဲ့သော်လည်း အစိုးရ ဘက် မှ တမ်မီ အား သတ်စဉ် ဆူကာရီး ၀တ်ဆင် ခဲ့သည့် သွေးစွန်း နေသော အင်္ကျီ၊ ဆူကာရီး နှင့် မူစတာဖာ တို့ အပြန်အလှန် ဖုန်းပြော ခဲ့သည့် အသံသွင်း တိပ်ခွေ တို့ကို ခိုင်ခိုင် မာမာ တင်ပြ နိုင်ခဲ့ သဖြင့် တရားရုံး က သေဒဏ် ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

alt 

ပေါ့ပ်အဆိုတော်အား သတ်ဖြတ်ရန် စေခိုင်းခဲ့သူ အီဂျစ်ကုဋေကြွယ် သူဌေးကြီး ဟီရှမ် တားလက် မူစတာဖာ

LEAVE A REPLY

Please enter your comment!
Please enter your name here