တရုတ် နိုင်ငံတွင် ငလျင်လှုပ်ခတ်သွားခဲ့

alt

မေလ (၂၁) ရက်နေ့က တရုတ်နိုင်ငံတွင် ပြင်းအား အဆင့် (၅.၂) ရှိသော ငလျင်တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်ဂျီအန်း အိုင်ဂွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ဦးတည်ပြီး ဒေသစံတော်ချိန် ည (၈း၃၃) မိနစ်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ ငလျင်တိုင်းတာရေး ဗဟိုဌာနက ကြေညာလိုက်သည်။

ငလျင် ဦးတည်ရာ နေရာသည် မြေအောက်အနက် (၉၆) ကီလိုမီတာတွင် ရှိပြီး မြောက်လတ္တီတွဒ် (၃၆.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် (၇၇.၆) ဒီဂရီကြားတွင် တည်ရှိပြီး ယန်ချန်းခရိုင် နှင့် ပစ်ဟန်း ခရိုင်ကြားတွင် ကျရောက်လျှက် ရှိကြောင်း သိရှိရသည်။

ငလျင် လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုနှင့် သေကြေ ဒဏ်ရာရမှု အခြေအနေ များကို မသိရ သေးကြောင်း ဒေသ အုပ်ချုပ်ရေး ကောင်စီက ကြေညာသွားခဲ့သည်။

တရုတ်နိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံး ငလျင်ကြီးမှာ ယမန်နှစ် မေလ (၁၂) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ဆီချွမ် ငလျင်ကြီးဖြစ်ပြီး လူဦးရေ (၉၀၀၀၀) ကျော် သေကြေ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here