ဆားလျှော့စားပါက အသက်ပိုရှည်

alt

အသက်ရှည် လိုပါက ဆားလျှော့စားရန် လိုအပ်ကြောင်း ဗြိတိန်နိုင်ငံမှ အစားအစာ စီမံကွပ်ကဲရေး တာဝန်ရှိသူများက ပြောကြား လိုက်သည်။

၎င်းတို့သည် အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းကြီးများအား ဆား အသုံးပြုမှုကို လျှော့ချရန်လည်း တိုက်တွန်းမှုများ ပြုလုပ်လျှက် ရှိနေကြောင်း သိရသည်။ Kellogg ၏ ပြောင်းဖူးလိပ်မုန့်များ အပါအဝင် နာမည်ကျော် အစားအသောက် တံဆိပ် အတော်များများကို ဆား လျှော့ချရေး ပညာပေး လုပ်ငန်းများနှင့် စည်းရုံး လှုံ့ဆော်သွားရန် ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနက စီစဉ်လျှက် ရှိသည်။

ဆားကို အလွန်အကျွံ စားသုံးသဖြင့် နှစ်စဉ် လူဦးရေ (၇၀၀၀) ကျော်မျှသည် အမှန်တကယ် အသက်ရှည် သင့်သည်ထက်စောပြီး သေဆုံး နေကြရကြောင်း ကျန်းမာရေး ၀န်ထမ်းများက ဆိုသည်။ ဆား အစားများခြင်းသည့် သွေးတိုးမှုနှင့် တိုက်ရိုက် ဆက်စပ်နေပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်များက ပြောကြားလိုက်ကြသည်။

သို့သော်လည်း ဗြိတိန်နိုင်ငံ မုန့်လုပ်ငန်းရှင်များ ဖက်ဒရေးရှင်း အပါအဝင် အစားအသောက် လုပ်ငန်းကြီး အတော်များများသည် စားသောက်ကုန်များ အတွင်း ဆား ပမာဏ လျှော့ထည့်ရန် လက်တွန့် နေဆဲဖြစ်ကြောင်း၊ စားသောက်ကုန်များ၏ အရသာကို ဆားက ထိမ်းချုပ်သဖြင့် ထိုသို့ ရလဒ်များ ကြံုတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လူတစ်ဦး အနေနှင့် တစ်နေ့လျှင် စားသုံးသင့်သည့် ဆား ပမာဏမှာ (၆)ဂရမ်မျှသာ ဖြစ်သော်လည်း ဗြိတိသျှ လူမျိုးများသည် ဆားကို တစ်နေ့လျှင် ပျမ်းမျှ (၈.၆) ဂရမ်ထိ စားသောက် နေကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here