နှစ်ပေါင်း ၄၅သန်းကြာ ရုပ်ကြွင်းကြောင့် လူသားဖြစ်စဉ် လေ့လာမှု ပိုမို အဆင်ပြေနိုင်

alt

လူသား ဖြစ်စဉ် သမိုင်းအား လေ့လာနေသည့် ပညာရှင်များ အတွက် မြှုပ်ကွက် ဖြစ်နေသော ကွင်းဆက်လေး တခုအား ဖော်ထုတ် ပေးမည့် ရုပ်ကြွင်း တခုကို ပညာရှင်များက တွေ့ရှိ ခဲ့ကြပြီ ဖြစ်သည်။

မေလ (၁၉) ရက်နေ့က သက်တမ်း အားဖြင့် နှစ်ပေါင်း (၄၅) သန်း ကြာရှိပြီ ဖြစ်သော သက်ရှိ တစ်ကောင်၏ ကျောက်ဖြစ် ရုပ်ကြွင်းကို သုတေသီ များက တွေ့ရှိခဲ့ပြီး ထိုရုပ်ကြွင်းသည် မျောက်ကဲ့သို့သော သတ္တဝါများမှ လူသားများ မည်ကဲ့သို့ ဆင့်ကဲ ပေါ်ပေါက်လာသည်ကို ဖော်ထုတ်နိုင်မည့် သော့တစ်ချောင်းဟု မနုဿဗေဒ ပညာရှင်များက ယုံကြည်နေကြသည်။

အိုင်ဒါဟု အမည်ပေးထားသည့် အဆိုပါ သတ္တဝါသည် မျောက်နှင့် ဆင်တူပြီး အရပ် (၃)ပေ မြင့်သည်။ အမ သတ္တဝါ တစ်ကောင်ဖြစ်သော အီဒါ၏ ရုပ်ကြွင်းကို ဂျာမနီနိုင်ငံ မက်ဆယ် ရုပ်ကြွင်းတူးဖော်ရေး နေရာတွင် (၁၉၈၃) ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိပြီး ဖြစ်သော်လည်း မည်သူကမျှ အရေးတယူ မပြုဘဲ ကျောက်သားနံရံထဲတွင် ပစ်ထားခဲ့ကြသည်။

ပညာရှင်များက မေလ (၁၉) ရက်နေ့ ကမှ အိုင်ဒါ၏ သက်တမ်းကို တွက်ချက်ကြည့်ပြီးနောက် မနုဿဗေဒ ပညာရပ်တွင် အလွန်အဖိုးတန်သော တွေ့ရှိမှု တစ်ခုအဖြစ် ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။ အိုင်ဒါသည် အလွန်ပြည့်စုံစွာ တွေ့ရှိရသည့် ရုပ်ကြွင်း တစ်ခုဖြစ်ကြောင်း နော်ဝေးနိုင်ငံ၊ အော်စလို တက္ကသိုလ်ရှိ သဘာဝ သမိုင်းပြတိုက် မှ ဒေါက်တာ ဂျွန်ဟူမန် က ဆိုသည်။

အိုင်ဒါ၏ ရုပ်ကြွင်းကို ဗြိတိန်နိုင်ငံ၊ လန်ဒန် သဘာဝ သမိုင်းပြတိုက်တွင် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အိုင်ဒါ၏ သက်တမ်းသည် ယခင်က တွေ့ရှိခဲ့သည့် အစောဆုံး လူတူ သတ္တဝါ ရုပ်ကြွင်းများထက် အဆ(၂၀) ပိုစောကြောင်း ပညာရှင်များက ကြေညာနိုင်ခဲ့ကြပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here