ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ဖာဒီနန် အသင့်ဖြစ်

alt

ဒဏ်ရာကြောင့် နားနေရသော မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးကြီး ရီယို ဖာဒီနန်က ၎င်းသည် ဘာစီလိုနာ နှင့် ကစားရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

သို့သော်လည်း မန်ချက်စတာ နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က အသက် (၃၀) အရွယ် အင်္ဂလန် လက်ရွေးစင်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန် အတွက် ဟူးစီးတီး နှင့် ပွဲတွင် ထည့်သွင်း အသုံးပြုရန် စဉ်းစားလျှက် ရှိသည်။

ဖာဒီနန်က မေလ (၂၈) ရက်နေ့တွင် ရောမမြို့တော်ရှိ အိုလံပီကို အားကစား ကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲတွင် လီယွန်နယ် မက်ဆီ၊ သီအာရီ ဟင်နရီ နှင့် ဆမ်မြူရယ် အီတူး တို့အား ထိန်းချုပ်သွားမည်ဟု ကတိပြုခဲ့သည်။

၎င်းသည် ကြံ့ခိုင်မှု မပြည့်ဝသေးသဖြင့် မန်ချက်စတာ၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ဆွတ်ခူးရရှိသည့် အာဆင်နယ်နှင့် အိမ်ကွင်းပွဲတွင် မပါ၀င်နိုင်ခဲ့ချေ။ သို့သော်လည်း ဟူးနှင့် ပွဲတွင် ဖာဒီနန်အား အနည်းဆုံး (၄၅) မိနစ်မျှ အသုံးပြုသွားရန် ဖာဂူဆန် က စဉ်းစားလျှက် ရှိသည်။

ထိုပွဲသည် ပြည်တွင်း ချန်ပီယံဖြစ်ပြီးသား မန်ချက်စတာ အတွက် အရေးမပါတော့ဘဲ လူငယ်များဖြင့်သာ ယှဉ်ပြိုင်သွားရန် ဖာဂူဆန်က စီစဉ်ထားခဲ့သည်။ ဖာဒီနန်က ၎င်း၏ ဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားပြီ ဖြစ်သဖြင့် ဘာစီလိုနာ နှင့် ပွဲကြီးပွဲကောင်း နွှဲရန် အဆင်သင့် ဖြစ်နေပြီဟု ဒေသခံ မီဒီယာများတွင်  ကြံုးဝါးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here