ကိတ်မော့စ် ဗုဒ္ဓဘာသာသို့ ကူးပြောင်း

alt

ဗြိတိသျှ နာမည်ကြီး မော်ဒယ်လ် ကိတ်မော့စ်သည် ဗုဒ္ဓဘာသာ သို့ ကူးပြောင်းခံယူ လိုက်ပြီဟု သိရသည်။

သူမ သည် ယခင်က အပျော်အပါးဘက် လိုက်ခဲ့သော်လည်း ယခုအခါတွင် ဘာသာရေးကို အာရုံ စိုက်လာကြောင်း မော့စ်၏ အပေါင်းအသင်းများက ဆိုကြသည်။ အထူးသဖြင့် မော့စ်သည် ဗုဒ္ဓဘာသာ အပေါ် သက်ဝင် ယုံကြည် လာကြောင်း၊ ထို ဘာသာတရားသည် သူမ ၏ စိတ်ချမ်းမြေ့ တည်ငြိမ်မှုကို ဖော်ဆောင် ပေးနိုင်သည် ဟု ယူဆနေကြောင်း မော့စ်၏ မိတ်ဆွေများက ပြောကြားခဲ့ကြသည်။

ယခုအခါ မော့စ်သည် ဉာဏ်တော် (၄) ပေမြင့်သည့် ကြေးသွန်း ရုပ်ပွားတော် တဆူကိုပင် ဧည့်ခန်းထဲသို့ ပင့်ဆောင် ကိုးကွယ်နေပြီ ဖြစ်ကြောင်း သိရသည်။ အသက် (၃၅) နှစ်ရှိပြီဖြစ်သော မော့စ်သည် သူမ ကျင်လည် ဖြတ်သန်းနေရသည့် အနုပညာ လောကအတွင်း တွေ့ရှိ ခံစားနေရသည့် စိတ်ဖိစီးမှုများကို ဗုဒ္ဓ၏ တရားဓမ္မများက ငြိမ်းအေး ကျေပျက်စေမှု စွမ်းကြောင်း ယုံကြည်လျှက်ရှိ၏။

မော့စ်သည် သူမ၏ မိတ်ဆွေများကိုလည်း တရားထိုင်ရန် စည်းရုံး သိမ်းသွင်းနေပြီး ရုပ်ပွားတော်ရှေ့တွင် အတူ တရားထိုင်ကြသော်လည်း သူမ ထွန်းထားသည့် အမွှေးတိုင်နံ့ ပြင်းလွန်သောကြောင့် မိတ်ဆွေများ ချောင်းဆိုးရင်ကြပ် ဖြစ်ကုန်ရကြောင်း ဘော်စတွန် သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here