တာလတ်ပစ် ဒုံးကျည် အီရန်နိုင်ငံ စမ်းသပ်ပစ်လွှတ်

alt

မေလ (၂၀) ရက်နေ့က အီရန် နိုင်ငံသည် မဟာဗျူဟာမြောက် တာလတ်ပစ် ခေတ်မီ ဒုံးကျည် တစ်စင်းကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်လိုက်ကြောင်း အီရန်သမတ မွတ်ဟားမက် အက်မာဒီနီးဂျက်က

ကြေညာလိုက်ပြီး နောက် အီရန်၏ လက်နက်အင်အား တိုးချဲ့ရေး စီမံကိန်း အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် အစိုးရက ကြေညာ လိုက်သည်။

အိမ်ဖြူတော် လူမှု ဆက်ဆံရေးဌာန အတွင်းရေးမှူး ရောဘတ်ဂစ်က အီရန် အရေးအတွက် ပူပင်မှုများ မြင့်တက် လာကြောင်း ထုတ်ဖော် ၀န်ခံ ခဲ့လိုက်ပြီး၊  အက်မာဒီနီးဂျက်က အဆိုပါ ဒုံးကျည်သည် အာကာသထဲသို့ လွှတ်တင်လိုက်ခြင်း ဖြစ်ပြီး ထိုမှတဖန် မြေပြင်ပေါ်ရှိ သတ်မှတ်ထားသော ပစ်မှတ်သို့ တိုက်ရိုက် ထိမှန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် အဆိုပါ ဒုံးကျည်ဖြင့် ပစ်ခတ်မည်ဆိုပါက အစ္စရေးနိုင်ငံ နှင့် အရှေ့အလယ်ပိုင်းဒေသ အမေရိကန် စစ်အခြေစိုက် စခန်းများကို တိုက်ရိုက် ထိမှန်နိုင်ကြောင်းလည်း အက်မာဒီနီးဂျက်က ခြိမ်းခြောက်ခဲ့သေးသည်။

၀ါရှင်တန်က အီရန်၏ လက်နက်အင်အား တိုးချဲ့လာမှုသည် နိုင်ငံတကာ လက်နက် အပြိုင်အဆိုင် တပ်ဆင်မှုသို့ ဦးတည်လာမည်ကို စိုးရွံ့နေမိသည်။

ထို့အပြင် အီရန်အနေ နှင့် အနုမြူလက်နက်များ ထုတ်လုပ်ရေးကို ယခင်ကထက် အားထည့် ကြိုးပမ်းလာပြီး အဆိုပါ ဒုံးကျည်များတွင် အနုမြူ ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်မည့် အရေးကို သင်္ကာမကင်း ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here