အင်ဒိုနီးရှား စစ်တပ် လေယာဉ်ပျက်ကျမှု ဖြစ်ပွား

alt

အင်ဒိုနီးရှား နိုင်ငံ စစ်တပ်မှ လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာတွင် လူ (၉၇) ဦးထက်မနည်း သေဆုံး သွားကြောင်း သိရသည်။

အင်ဒိုနီရှား နိုင်ငံ အရှေ့ပိုင်း ဂျာဗားကျွန်းတွင် မေလ (၂၀) ရက်နေ့ မနက်ပိုင်းက စစ်တပ်ပိုင် သယ်ယူ ပို့ဆောင်ရေး C-130 ဟာကျူလီ လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရက အတည်ပြုခဲ့ပြီး လေယာဉ် ပျက်ကျရာ နေရာသည် ယော့ယက် ကာတားမြို့မှ ကီလိုမီတာ (၁၆၀) အကွာတွင် ရှိကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်။

သေသူ အရေအတွက် (၉၇) ဦးရှိပြီး (၁၅)ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ဆိုသည်။ လေယာဉ်ပျက်ကျသည့် နေရာသည် ရွာတစ်ရွာ အနီးရှိ လယ်ကွင်းများ အတွင်းသို့ဖြစ်ပြီး လေယာဉ် ပျက်ကျလာစဉ် ထိုမှ အစိတ်အပိုင်း များသည် ရွာအတွင်းရှိ အိမ်အမိုးများပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ထိုလေယာဉ်သည် စစ်သားများ၊ ကလေးငယ်များ အပါအဝင် စစ်သည် မိသားစုများကို တင်ဆောင်လာခဲ့ပြီး ပါပူအာမြို့ သို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသခံ သတင်း မီဒီယာများကမူ လေယာဉ်ပျက်မှ ထွက်လာနေသော မီးခိုးလုံးကြီးများ၏ ပုံကို ဖော်ပြခဲ့ကြကြောင်း သတင်းများတွင် တွေ့ မြင်ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here