ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်၍ ဘန်ကီမွန်း စီအန်အန် ကို ဘာပြောခဲ့သလဲ ?

alt

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း နှင့် စီအန်အန် သတင်းဋ္ဌာနမှ ဖီယွန် နျူယာလာ ဆွင်န်နီ  တို့ နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လတ်တလော မြန်မာပြည် အရေး လက်ခံနိုင်ဖွယ် မရှိသော အခြေအနေ ကို ပြောဆိုကြရာ

လွန်ခဲ့တဲ့ တနင်္လာနေ့က နိုဘယ်ဆုရှင် (၉) ယောက် ရှင့်ဆီကို တိုက်ရိုက် တားမြစ်ပေးဖို့ တောင်းဆို နေတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည် ဟာ တရားဆင်ခြင်းခံ နေရပြီ မဟုတ်ပါလား ?

သိပ်မနှောင်းသော အချိန်များမှာ ကျနော် မြန်မာပြည် ကို သွားဖြစ်မှာပါ၊ အခုတော့ မြန်မာပြည် သွားဖို့ အရေးကို အစောတလျှင် စစ်အစိုးရ နဲ့ အရေးထား ဆွေးနွေး နေပါတယ်၊ အဲလို သွားရောက်တဲ့အခါ ဒီမိုကရေစီ နည်းလမ်းကျ သွားနိုင်ဖို့ အတွက် အလေးထား ဆောင်ရွက်ပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလျှင်အမြန် ပြန်လွှတ်ပေးဖို့ တောင်းဆို သွားမှာပါ၊ ဒီမနက်မှာ မြန်မာပြည်က ကျနော့ရဲ့ ဋ္ဌာနေ ကိုယ်စားလှယ် နဲ့ သံအမတ် အချို့ အပြင် အရေးပါတဲ့ သံတမန်အချို့ တို့ဟာ ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ သွားရောက် ကြားနာစေခြင်းဖြင့် ကျနော်တို့ဟာ မြန်မာ စစ်အစိုးရ ရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို မောင်းနှင်ရာ မှာ အထီးမကျန် စေပဲ ပွင့်လင်းလာစေဖို့  စွမ်းဆောင်တာပါ။

အခုအမှုနဲ့ ပတ်သက်ပြီး ရှင့်အနေနဲ့ ဘယ်လိုများ ဦးဆောင်းလမ်းပြ အကြံအဉာဏ်များ ပေးခဲ့ပါသေး သလဲ ?

ပထမအကြိမ် ကျနော့လူတွေ သွားကျတုန်း ကတော့ နည်းလမ်းတကျ ပြုလုပ်နေတာတော့ တွေ့တယ် ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ အထိန်းအသိမ်း ခံထား ရပေမဲ့လဲ ကျန်းမာရေးတော့ ကောင်းမွန်ပါတယ်၊ ကျနော် သွားရောက်တဲ့ အချိန်မှာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နဲ့ တွေ့ဆုံ ဆွေးနွေးရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်း သွားရမှာပဲ။

သူ … တိုင်းပြည် ရဲ့ အခြေအနေ ကိုရော သိရဲ့လား? နောက်ရှင့် ရန်ကုန်က ကိုယ်စားလှယ် သွားတွေ့တော့ ကျန်းမာရေး ကောင်းတယ်လို့ ပြောတယ်၊ စိတ်ဓါတ်ရော ကြံ့ခိုင်တုန်းပဲလား ?

ကျနော်တော့ သူ စိတ်ဓါတ်ကြံ့ခိုင်မှု သိပ်ရှိမယ် မထင်မိဖူး ဘာလို့လဲဆို သူမကို ထိန်းသိမ်း ချုပ်နှောင်ထားတဲ့ ကာလကလည်း နှစ်ပေါင်းမှ မနည်းတော့တာ၊ ဒါပေမဲ့ ကျနော့ကို စိတ်သက်သာမှု ရစေတဲ့ အချက်ကတော့ သူမ ကျန်းမာရေး ကောင်းမွန်နေတာ ပါပဲ၊ ဒါ အရေးကြီးပါတယ်၊ ကျနော်တို့ စစ်အစိုးရ ကို အလျင်အမြန် ဟန့်တား အသိပေး နေရမှာက သူမကို ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။

အခု အခြေအနေ ကနေ လွန်မြောက်ပြီး ရှင့်မှာ သူမကို ကူညီဖို့ အခြားသော အကြံဉာဏ်လေးများ ရှိနေဦး မလား ?

အင်း… အကယ်၍များ စစ်အစိုးရ ဟာ သူမကို အရေးယူခဲ့မယ် ဆိုရင် …….. !

ရှင်လဲ ထင်ထင်ရှားရှား သိနေသားပဲ အဲဒီက ထောင်တွေရဲ့ အခြေအနေတွေကို၊ ဒီလောက် နာမည်ဆိုးနဲ့ ကျော်ကြားပြီး အရာရာဆိတ်သုဉ်းတဲ့ နေရာ…..?

သူမကို ထောင်ထဲက အိမ်တလုံးမှာ ထိန်းသိမ်းထားတာ မဟုတ်ပါဖူး၊ ဒါဟာလည်း သူမကို နှစ်ပေါင်းများစွာ အိမ်အချုပ် ချုပ်နှောင်စဉ် ကာလများ ကတည်းက လက်ခံနိုင်ဖွယ် မရှိတဲ့ အခြေအနေမျိုးပါ၊ သူမဟာ ကမာ္ဘက လေးစားရတဲ့ နိုဘယ်ဆုရှင်ပါ၊ ဒီမိုကရေစီကို ယုံကြည် လက်ခံသူပါ၊ ဒါကြောင့် ကျွနု်ပ်တို့ဟာ သူမရဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ထောက်ခံ ပံ့ပိုးသွားရမှာပါ၊ ဒါပေမဲ့လည်း သူမရဲ့ အငြင်းမပွား ရနိုင်သော တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို ပြန်လည်သုံးသပ် ပံ့ပိုး သွားရပါမယ်။

ရှင့်ရဲ့ အစွမ်းအစတွေနဲ့ သူမ ယုံကြည်မှုတွေကို ထိုင်း နိုင်ငံအတွက် ( ခွင့်လွှတ်ပါ …ရှင် ) မြန်မာနိုင်ငံ အတွက် ခေါင်းဆောင်မှုကောင်းနဲ့ အဖြေရှာ ပေးနိုင်ပါ့ မလား ?

ဒါကြောင့်မို့ မြန်မာ နိုင်ငံအရေးကို ကျနော်ပဲ ဦးဆောင်ပြီး ဆွေးနွေးနေတာပေါ့၊ ဖြစ်နိုင်မယ်ဆိုရင် နောင်မှာလဲ ဆက်လက် ဆောင်ရွက် သွားဦးမှာပါ။ ဟု

စီအန်အန် သတင်းဋ္ဌာနကြီး သို့ ဘန်ကီမွန်းမှ ပြောဆိုသွားသည်ကို ယနေ့ထုတ် The Seoul Times သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here