ရှန်ဟိုင်း World Expo ပွဲတော် အဆောက်အဦပုံစံ တရားဝင်ပြသ

alt

ဆွီဒင် နိုင်ငံသည် (၂၀၁၀) ခုနှစ် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရှန်ဟိုင်း World Expo ပွဲတော် အဆောက်အဦပုံစံကို တရားဝင် ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်သည်။

ဆွီဒင် အခြေစိုက် အင်ဂျင်နီယာ ဒီဇိုင်းကုမ္ပဏီ SWECO မှ CEO ဖြစ်သူ အီဝါနိုင်ဂရန် က အဆိုပါ အဆောက်အအုံ ပုံစံသစ်ကို တာဝန်ယူ ရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။ ထို အဆောက်အအုံ ဒီဇိုင်းအား မေလ (၁၄) ရက်နေ့က စတော့ဟုမ်းတွင် ပြသခဲ့ခြင်း ဖြစ်သည်။

World Expo ကျင်းပမည့် အဆောက်အအုံသည် စတုရန်းမီတာ (၃၀၀၀) ကျယ်ဝန်းမည် ဖြစ်ပြီး တရုတ်ရိုးရာ ပုံစံမျိုး နန်းဆောင်တခု ဆန်ဆန် ဆောက်လုပ်ထားမည် ဖြစ်သည်။ ထို အဆောက်အအုံသည် ရှန်ဟိုင်း လူနေမှုနှင့် ဓလေ့သဘာဝကို ထင်ဟပ်နေစေမည် ဟုလည်း SWECO မှ ဒီဇိုင်းပညာရှင် ဂျိုဟန်နက်တူး က ပြောကြားလိုက်သည်။

ထို နန်းဆောင်သဏ္ဍာန် အဆောက်အအုံသည် ရှန်ဟိုင်းမြို့ပြ အရိပ်အငွေ့များကို အခြေခံ တည်ဆောက်ထားသည်ဟု တူး ကဆိုသည်။ ထို အဆောက်အအုံသည် ခေတ်သစ် ဗိသုကာ အတတ်ပညာတွင် သစ်သားကို မည်ကဲ့သို့ အနုပညာဆန်ဆန် အသုံးပြု ရမည်ကိုလည်း လက်တွေ့ ပြသထားကြောင်း SWECO က ပြောကြားခဲ့သည်။

(၂၀၁၀) ခုနှစ် World Expo ကို ရှန်ဟိုင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်းများစွာမှ စီးပွားရေးလုပ်ငန်းများ ပါ၀င် ဆင်နွှဲကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here