Microsoft ၏ Kumo Search Engine စတင်တော့မည်

alt

Microsoft က ၎င်းတို့၏ Search Engine အသစ် Kumo ကို စတင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။

Google ကို ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော Kumo သည် Search Engine လောကကို လွှမ်းမိုးထားသည့် Google ၏ အရှိန်အဝါကို ယုတ်လျော့သွားအောင် ရိုက်ချိုးနိုင်ရန် Microsoft က မျှော်လင့်ထားသည်။

Microsoft ၏ အဆိုအရ Kumo အား မေလ(၂၆) မှ (၂၈)ရက် အတွင်း စတင် အသုံးပြုနိုင်မည်ဟု သိရသည်။ Microsoft သည် Kumo အား စတင်နိုင်ရေး စီမံကိန်းကို မတ်လ ကတည်းက အစပြုနိုင်ရန် ကြံစည်ခဲ့သော်လည်း အားနည်းချက်များ ရှိနေသေးသဖြင့် အချိန် ရွှေ့ထားခဲ့ခြင်း ဖြစ်သည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးချိန်တွင် Kumo ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီဟု ယုံကြည်ထားကြောင်း Microsoft က ဆိုသည်။ Microsoft အနေနှင့် Search Engine လောကသို့ တိုးဝင်လာသော်လည်း အင်တာနက် ရှာဖွေရေး ကဏ္ဍ၏ (၆၄.၂) ရာခိုင်နှုန်း ချုပ်ကိုင်ထားနိုင်သည့် Google နှင့် (၂၀.၄) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် Yahoo တို့အား ဖြတ်ကျော်နိုင်ရန် ခက်ခဲဖွယ်သော နယ်ပယ်ချဲ့ထွင်ရေး စစ်ပွဲများ ရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆို လိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here