ဘက်ဟမ်းတို့ စုံတွဲနှင့် Spice Girls အဖွဲ့အား ပဲရစ် ဟီလ်တန် နှစ်သက်သဘောကျ

alt

ပဲရစ် ဟီလ်တန်  က သူမသည် ဒေးဗစ်ဘက်ခမ်း နှင့် ဗစ်တိုးရီးယား ဘက်ခမ်း အပါအဝင် သူမ၏ ယခင် Spice Girls အဖွဲ့ဝင်များကို နှစ်သက်မိကြောင်း ပြောဆိုလိုက်သည်။

အသက် (၂၈) နှစ်ရှိပြီ ဖြစ်သည့် ဟောလီးဝုဒ် အလှမယ်လေးက သူမ သာ သားသမီးများ ရလာမည် ဆိုပါက ဒေးဗစ်၊ ဗစ်တိုးရီးယား တို့အပြင် Spice Girls အဖွဲ့မှ အဆိုတော်များ၏ နာမည်များကို မှည့်ခေါ်ရန် စဉ်းစားထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် The Hills စတား ဒေါက်ရိန်းဟတ် နှင့် တွဲနေသည့် ဟီလ်တန်ဟိုတယ် လုပ်ငန်းစုကြီး၏ အမွေစားအမွေခံ သန်းကြွယ် သူဌေးမလေးက သူမတွင် ကလေးများရလာလျှင် ဗစ်တိုးရီးယားနှင့် ဒေးဗစ်တို့အား ခေါင်းကိုင်မိခင်၊ ဖခင်များအဖြစ် ခံယူပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း သူမ၏ ရင်တွင်းဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်သည်။

ဗစ်တိုးရီးယား သည် သူမ တွေ့ဖူးသမျှ အမျိုးသမီးများ အနက် ဖက်ရှင် အကျဆုံးဟုလည်း ပဲရစ်က ချီးကျူးခဲ့သေးပြီး၊ ယခုအခါ ပဲရစ်သည် သူမ၏ Documentary ရုပ်ရှင်ကားအတွက် Promotion ပြုလုပ်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here