နယူးကာဆယ်၏ တန်ဆင်းဇုန်မှ လွတ်မြောက်ရေး နောက်ဆုံးပွဲစဉ် အိုဝင် ပါဝင်ဖွယ်ရှိ

alt

တန်းဆင်းဇုန် တိုက်ပွဲအတွက် ရုန်းကန် နေရသော နယူးကာဆယ် ယူနိုက်တက် ၏ ရာသီသိမ်း ပွဲစဉ်တွင် ပါ၀င်ကစားရန် မိုက်ကယ်အိုဝင် တစ်ယောက် ကြံ့ခိုင်မှု အပြည့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

နယူးကာဆယ်သည် ဟူးစီးတီးထက် တမှတ် လျော့နည်းနေပြီး တနင်္ဂနွေနေ့ ကစားမည့် နောက်ဆုံး ပွဲတွင် အက်စတွန်ဗီလာ အား အနိုင် ကစားရန်သာ လိုအပ် နေပေသည်။

ထိုနေ့တွင် ဟူးစီးတီးက ချန်ပီယံဆုကို ဆွတ်ခူး ထားပြီး ဖြစ်သော မန်ချက်စတာ ယူနိုက်တက်နှင့် ကစားရမည် ဖြစ်ပြီး ထိုပွဲတွင် ဟူးစီးတီး သာ အနိုင်ရပါက နယူးကာဆယ်မှာ သေချာပေါက် တန်းဆင်း ရမည် ဖြစ်သည်။

မန်ချက်စတာ အသင်းသည် ချန်ပီယံလိဂ် ဖိုင်နယ် အတွက် လူချန်  ကစားဖွယ် ရှိပြီး လူငယ်များကို ပွဲထုတ်ရန် အခြေအနေ ရှိနေသောကြောင့် ဟူးစီးတီးမှာ အခြေအနေ ကောင်းနေသော်လည်း နယူးကာဆယ်က နောက်ဆုံး အချိန်ထိ ကြိုးစားသွားရန် စိတ်အား ထက်သန်နေလျှက် ရှိသည်။

အင်္ဂလန် လက်ရွေးစင်ဟောင်း ဖြစ်ခဲ့ဖူးသည့် အသက် (၂၉) နှစ်အရွယ် အိုဝင်က ၎င်းသည် နယူးကာဆယ် တန်းမဆင်းရအောင် ကူညီ ပေးသွားလိုကြောင်း ၀န်ခံလိုက်ပြီး၊  နယူးကာဆယ် နည်းပြကြီး အလန်ရှီးယား ကလည်း မျှော်လင့်ချက် အတွက် လက်လျှော့ သွားမည်မဟုတ်ဘဲ ရာသီသိမ်း ပွဲစဉ်ကို အနိုင်ကစား သွားမည်ဟု ကတိပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here