GPS ဂြိုလ်တုများ ချို့ယွင်းသွားပါက လူပေါင်းသန်းနှင့်ချီ၍ ထိခိုက်နစ်နာနိုင်

alt

GPS စနစ်အတွက် လွှင့်တင်ထားသော ဂြိုဟ်တုများထံမှ ဆက်သွယ်မှု ပြတ်တောက် သွားပါက ကမာ္ဘတဝှမ်းရှိ လူပေါင်း သန်းနှင့်ချီပြီး ထိခိုက်နစ်နာ နိုင်ကြောင်း အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်သည်။

(၂၀၁၀) ခုနှစ်တွင် GPS စနစ်သုံး ဂြိုဟ်တုများအား ရပ်နားလိုက်မည့် အစီအစဉ် ရှိနေပြီး ထိုသို့ ဖြစ်လာပါက ကမာ္ဘတဝှမ်းရှိ မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ အကြီးအကျယ် ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

GPS သည် အသုံးပြုသူ၏ ကားအတွင်း (သို့မဟုတ်) မိုဘိုင်းလ် ဖုန်းများအတွင်း တပ်ဆင်ထားနိုင်ပြီး ယာဉ်ကြော ပိတ်ဆို့မှုများကို ဂြိုဟ်တု ထောက်လှမ်းမှုဖြင့် ရှောင်ကွင်း သွားနိုင်ရန် စီစဉ်ထားသည်။

GPS စနစ်အတွက် လွှတ်တင်ထားသော ဂြိုဟ်တုများသည် သက်တမ်းအားဖြင့် နှစ်(၂၀) ခန့်ရှိနေပြီ ဖြစ်ပြီး အိုဟောင်းနေသော ဂြိုဟ်တုများ နေရာတွင် အစားထိုးမည့် ဂြိုဟ်တု အသစ်များ လွှတ်တင်ရေး စီမံကိန်းကို (၂၀၀၇) ခုနှစ်တွင် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့ တွင်မူ ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေးပေ။

လက်ရှိ ဂြိုဟ်တုများ၏ စွမ်းအင် သိုလှောင်မှုသည် သက္ကရာဇ် (၂၀၁၀) ခန့် အထိသာ ခံတော့ဖွယ်ရှိပြီး နောက်ပိုင်းတွင် GPS စနစ် သုံးမရတော့မည်ကို အမေရိကန် အစိုးရက ပူပန်လျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here