ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုပေါင်းတောင်းဆိုမှုတွင် ဒေးဗစ်ဘက်ဟမ်း ပါဝင်လာ

alt

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဩဇာ ကြီးမားသူများ စုပေါင်း တောင်းဆိုမှုများ ပြုလုပ် နေကြသည့် အနက် ဗြိတိန်မှ နာမည်ကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းလည်း ပါ၀င် လာပြီ ဖြစ်ကြောင်း သိရှိရသည်။

မေလ (၁၉) ရက်နေ့က ဘက်ခမ်းသည်  ရန်ကုန်မြို့၊ အင်းစိန် ထောင်တွင်း တရားရင်ဆိုင် နေရသည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် နိုင်ငံတကာ နှင့် အတူ ဖိအားပေး တောင်းဆို သွားရန် စာရင်းပေးသွင်း လိုက်သည်။

အမေရိကန် အခြေစိုက် နာမည်ကြီး အနုပညာရှင်များ  Don Cheadle, George Clooney, Matt Damon, Brad Pitt, David Pressman, Jerry Weintraub တို့ ထူထောင်ထားသည့် ရံပုံငွေအဖွဲ့ တစ်ခုဖြစ်သော Not On Our Watch က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကူညီ တောင်းဆိုပေးသည့် ကမာ္ဘကျော် Celebrity အယောက် (၄၀) စာရင်းကို ထုတ်ပြန်လိုက်ရာ ဘက်ခမ်းလည်း ပါ၀င်လာခဲ့သည်။

ဘက်ခမ်း သည် မြန်မာနိုင်ငံ တည်ရှိရာ အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ဩဇာကြီးမားသူ တစ်ဦးဖြစ်ပြီး ၎င်း၏ ပရိသတ် အများအပြား မြန်မာနိုင်ငံတွင် ရှိနေသည်ဟု ထိုအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

ထိုနေ့က Not On Our Watch မှ ထုတ်ပြန်သော Celebrity စာရင်းတွင် မက်ဒေါနား၊ ရောဘတ်ဒီနီရိုး နှင့် စကားလက် ဂျိုဟန်ဆန် တို့ကဲ့သို့ ထိပ်သီး အနုပညာရှင်များလည်း ပါ၀င်နေကာ ဂျော့ရှ်ကလူးနေးလ်၊ ဂျွန်မက်ကိန်း၊ ဘိုနို(ယူတူး) နှင့် ဘုန်တော်ကြီး ဒက်စမွန်တူးတူး တို့က ဦးစွာ ပထမကပင် လှုံဆော်နေကြကာ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ရှိနေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာလိုက်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မေလ (၁၈) ရက်နေ့မှ စပြီး အကွက်ဆင် ရမယ်ရှာ ဖမ်းဆီးကာ လိုရာဆွဲ ဥပဒေသများဖြင့် စွပ်စွဲကာ  အင်းစိန်ထောင်တွင် အမှုကြားနာ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here