ဒေါသ အကြီးဆုံး ဥရောပ တိုက်သားများ

alt

ဥရောပ တွင် ဒေါသအကြီးဆုံး နိုင်ငံသားများ သည် ဗြိတိသျှများ ဖြစ်ကြောင်း စစ်တမ်းတခုက ကောက်ချက်ချ ဖော်ပြလိုက်သည်။

၎င်းတို့သည် မကြာခဏ ဒေါသ ထွက်လေ့ရှိပြီး တနေ့တာ အတွင်း အကြိမ်ကြိမ် စိတ်ဆိုးလေ့ ရှိကြောင်း သိရှိရသည်။ ရုပ်မြင်သံကြား ပျော်ရွှင်ဖွယ် အစီအစဉ် တခုဖြစ်သော Gold Channel မှ ပေါလ်မာရီတန်က ဦးစီးကောက်ခံသော စစ်တမ်းများအရ အီတာလျံများသည် ဒုတိယ ဒေါသအကြီးဆုံး ဥရောပသား များဖြစ်ပြီး ပြင်သစ်များက တတိယနေရာတွင် ရှိနေသည်။

ဗြိတိန်နိုင်ငံသား ထက်ဝက်ခန့်သည် ယာဉ်ကြော ပိတ်ဆို့မှု၊ အရောင်းဆိုင် ၀န်ထမ်းများ ဆက်ဆံရေး ညံ့ဖျင်းမှုများနှင့် အခြားသော မြို့ပြအပူမီးများ၊  နိစ္စဓူဝ ကိစ္စများစွာကြောင့် နေ့စဉ်လိုလို ဒေါသထွက်စရာများ ကြုံတွေ့ နေရကြောင်း ၀န်ခံခဲ့ကြသည်။

အီတာလျံများက တနေ့လျှင် (၃.၅)ကြိမ်ထက် မနည်း စိတ်ဆိုးမှုများ ကြံုရတတ်ကြောင်း ပြောကြားခဲ့ပြီး ပြင်သစ်များ ကမူ တရက်လျှင် (၃)ကြိမ်လောက် စိတ်ဆိုးလေ့ရှိကြောင်း ပြောဆိုကြသည်။

မာရီတန်၏ စစ်တမ်းအရ ဥရောပ၏ စိတ်အနေ အအေးဆုံး နိုင်ငံသားများမှာ ဆွီဒင်၊ ဒိန်းမတ် နှင့် နော်ဝေး တို့ဖြစ်ပြီး ၎င်းတို့သည် (၅) ရက်လောက်နေမှ တစ်ခါမျှသာ စိတ်ဆိုးတတ်ကြကြောင်း စစ်တမ်းများအရ သိရှိရကြောင်း ဖြေဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here