တမီလ် ကျားသူပုန်တို့အား အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီဟု သီရိလင်္ကာအစိုးရ ကြေညာ

alt

နိုင်ငံအတွင်း ဆူပူ ဆိုးသွမ်းနေသော တမီလ် ကျားသူပုန် တို့အပေါ် အပြီးတိုင် အောင်ပွဲဆင်နိုင်ခဲ့ပြီဟု သီရိလင်္ကာ သမတ မဟင်ဒါ ရာဂျစ်ပက်ဆာ က ယမန်နေ့က ကြေညာလိုက်သည်။

မေလ (၁၉) ရက်နေ့က သမတ၏ ကြေညာချက်တွင် အဆိုးရွားဆုံး အခြေအနေများကို အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကို (၂၅) နှစ်တိုင်တိုင် တိုက်ခိုက်နေသည့် တမီလ် ကျားသူပုန်များ ကျဆုံးချိန်တွင် နိုင်ငံရေးအရ ပိုမိုတည်ငြိမ် အခြေကျလာရန် မျှော်လင့်ကြောင်း ပါရှိသည်။

လက်ရှိ အချိန်တွင် အဆုံးသတ်ရန် ကျန်ရှိနေသေးသည့် အရှုပ်အထွေးများကို အတူတကွ ဖြေရှင်းသွားမည်ဟု သမတကြီးက ပါလီမန်မှ တဆင့် ပြောကြားလိုက်သည်။ တမီလ် ကျားသူပုန်တို့၏ ခေါင်းဆောင်ကြီး ဗာလူပီလာနီ ပရက်ဟာကာရန်း ၏ အလောင်းကို သီရိလင်္ကာ စစ်တပ်များက စစ်ပွဲဒေသ အတွင်းရှိ လူနာတင်ယာဉ် တစင်းအတွင်း ရှာဖွေတွေ့ရှိပြီး နောက်တနေ့တွင် သမတကြီးက အောင်ပွဲမိန့်ခွန်းကို မြွက်ကြားခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို တွင်လည်း တမီလ်တို့အား အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ဗြောက်အိုးများ ဖောက်ခွဲကာ အောင်ပွဲခံမှုများ ပြုလုပ်နေကြသော်လည်း ဗြိတိန်နိုင်ငံတွင်မူ တမီလ် ကျားသူပုန် လိုလားသူများက ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here