ပင်နာဆိုးနစ် အရှုံး အဆိုးဆုံး စံချိန်ဖြစ်လာ

alt

ဂျပန်နိုင်ငံ အခြေစိုက် အီလက်ထရောနစ် လုပ်ငန်းစုကြီး ပင်နာဆိုးနစ်သည် ပြီးခဲ့သော ဘဏ္ဍာရေးနှစ် အတွင်း အမေရိကန်ဒေါ်လာ (၄)ဘီလျံ အထိ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

Plasma တီဗွီများ ထုတ်လုပ်မှုတွင် ကမာ္ဘ့အကြီးဆုံး ကုမ္မဏီကြီး အဖြစ် ရပ်တည်နေသော ပင်နာဆိုးနစ်၏ အရှုံးသည် ကုမ္မဏီ သက်တမ်းတွင် အဆိုးဆုံး စံချိန်တစ်ခု ဖြစ်လာကြောင်း ဘုတ်အဖွဲ့က ကြေညာသည်။

ကမာ္ဘ့ စီးပွားပျက်ကပ်ကြောင့် တီဗွီအရောင်း ကျဆင်းမှုများ ပေါ်ပေါက် လာခဲ့ပြီး ၀င်ငွေ (၁၄.၄) ရာခိုင်နှုန်းထိ လျော့နည်း သွားကြောင်း ပင်နာဆိုးနစ်က ကြေညာသည်။ ပင်နာဆိုးနစ်၏ ပြိုင်ဘက် ကုမ္မဏီကြီး ဖြစ်သည့် ဆိုနီ ကလည်း တစ်နှစ်အတွင်း ဆုံးရှုံးမှု တန်ဖိုးမှာ တစ်ဘီလျံရှိကြောင်း အတည်ပြု ကြေညာခဲ့သည်။

ဂျပန်နိုင်ငံရှိ စက်မှုထုတ်ကုန် လုပ်ငန်းစုကြီးများ အားလုံး လိုလိုသည် ကမာ္ဘ့ စီးပွားပျက်ကပ်၏ ရိုက်ခတ်မှုကို ဆိုးဆိုးရွားရွား ကြံုတွေ့နေရပြီး တိုယိုတာ မော်တော်ကား ကုမ္မဏီသည်လည်း သမိုင်းတလျှောက် စံချိန်တင် အရှုံးများနှင့် ကြံုတွေ့ နေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here