ပင်ကိုယ်အလှကို ယုံကြည်မှု အပြည့်ရှိတဲ့ ဟယ်လီဘယ်ရီ

alt

ဟယ်လီဘယ်ရီ က သူမသည် ပင်ကိုယ် အလှအတွက် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

အော်စကာ ဆုရှင် မင်းသမီးချောက သူမ အနေနှင့် မိတ်ကပ် မလိမ်းထား လျှင်လည်း စိတ်ထဲတွင် အမြဲတမ်း သက်တောင့် သက်သာ ဖြစ်နေ မိကြောင်း၊ သူမ ၏ အလှပျက် နေမည်ဟု မခံစားရကြောင်း ပြောကြား ခဲ့သည်။

ပါပါရာဇီ သတင်းထောက်များသည် သူမ၏ မိတ်ကပ် မလိမ်းထားသည့် သဘာဝ မျက်နှာကို မကြာခဏ ဖော်ပြလေ့ ရှိသော်လည်း ပရိသတ် များက မိတ်ကပ် လိမ်းထားသည် ဟုပင် မှတ်ထင် နေလေ့ရှိကြောင်း အသက် (၄၂) နှစ် အရွယ် ဂျိမ်းစ်ဘွန်း မင်းသမီးဟောင်းက ဆိုသည်။

သူမက ဟောလီးဝုဒ်တွင် နာမည်ကြီးလာသည်နှင့် အမျှ စိ်တ်ဖိစီးမှု များပြား လာတတ်သည်ကို ၀န်ခံခဲ့သော်လည်း ထို့အတွက် ရုပ်မကျပါ ဟုလည်း  ခွန်းတုန့်ပြန် လိုက်ပြီး ဟယ်လီသည် ယခုအခါတွင် ဒုတိယ ကိုယ်ဝန်ကို ဆောင်ထားရပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

သူမ အနေနှင့် မီးဖွားပြီးပါကလည်း အလွန်အကျွံ ၀လာမည်ကို စိုးရိမ်မှု မဖြစ်မိကြောင်း ဟယ်လီက အင်္ဂလန်နိုင်ငံထုတ် အမျိုးသမီး မဂ္ဂဇင်းသို့ ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here