လေဒီဂါဂါ စင်မြင့် ဖျော်ဖြေပွဲများကို ကြောက်ရွ့ံသည့် ရောဂါရှိ

alt

လေဒီဂါဂါက သူမသည် စင်မြင့် ဖျော်ဖြေပွဲများကို ကြောက်ရွံ့သည့် ရောဂါရှိကြောင်း ထုတ်ဖေါ် ပြောကြား လိုက်သည်။

အသက်(၂၃)နှစ်ရှိ Poker Face အဆိုတော်မလေးက သူမ အနေနှင့် စတိတ်ရှိုးတခုတွင် ဖျော်ဖြေမည် ကြံတိုင်း နေမကောင်း သလိုဖြစ်လာ တတ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်သည်။ အထူးသဖြင့် ဖျော်ဖြေပွဲတွင် ကောင်းကောင်းမွန်မွန် ဖြစ်မလာ မည်ကို တွေးတော ကြောက်ရွံ့ နေမိကြောင်း ဂါဂါက ဆိုသည်။

သူမ အနေနှင့် ဖျော်ဖြေပွဲတခု ကျင်းပခါနီးတိုင်း ရေချိုးခန်းထဲ သွားပြီး ပျို့အန် လိုက်ရကြောင်း ဂါဂါက ထုတ်ဖေါ် ပြောကြားလိုက်ပြီး သူမ အနေနှင့် အလွန်အသေးစိတ် စဉ်းစားတတ်သော အကျင့် ရှိသောကြောင့်လည်း ဖိအား ပိုများသလို ခံစားရကြောင်း ဂါဂါက ၀န်ခံခဲ့သည်။

သူမအနေနှင့် ဖျော်ဖြေပွဲတခုနှင့် ကြံုရတိုင်း စိတ်ခြောက်ခြားလေ့ ရှိသော်လည်း အလုပ်အပေါ်တွင် အမြဲ အာရုံစိုက်ခဲ့ကြောင်း Pop အဆိုတော်မလေးက ဆိုသည်။

သူမအတွက် ထိုအဖြစ်အပျက်သည် ပုံမှန်ကဲ့သို့ ဖြစ်နေပြီး ပြင်၍လည်း မရတော့ကြောင်း၊ သူမ အနေနှင့် ဖျော်ဖြေပွဲတခု ပြုလုပ်လိုက်တိုင်း အပြင်းအထန် စိတ်လှုပ်ရှား ရမှုအပေါ် ညည်းငွေ့နေပြီ ဖြစ်ကြောင်း ဂါဂါ က မီဒီယာများသို့ ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here