စတီဖင် အိုင်ယာလန် မန်စီတီးမှာ ဆက်ရှိဖို့ မသေချာဟုဆို

alt

မန်ချက်စတာ စီးတီး ကွင်းလယ်လူ စတီဖင် အိုင်ယာလန်က ၎င်းအနေ နှင့် အသင်းတွင် နောင် ဆက်ရှိနေရန် မသေခြာကြောင်း ထုတ်ဖော်ပြောဆို လိုက်ပြီ ဖြစ်သည်။

အသက် (၂၂) နှစ်ရှိ အိုင်ယာလန်နိုင်ငံ လက်ရွေးစင်သည် မန်ချက်စတာ စီးတီးတွင် အထူး ခြေစွမ်းပြနေသူ ဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်း တိုးရန် အဆင်မပြေသေးကြောင်း သိရှိရပြီး၊ အိုင်ယာလန်က ၎င်း၏ အနာဂါတ်မှာ မန်ချက်စတာ စီးတီးတွင် သေချာမှု မရှိပါကြောင်း ၀န်ခံခဲ့သည်။

လက်ရှိ ၎င်းရနေသော ကစားကြေးမှာ တစ်ပါတ်လျှင် ပေါင် (၂၆၀၀၀)  သာဖြစ်ပြီး ၎င်းက ပေါင် (၆၀၀၀၀) အထိ တိုးမြှင့်ပေးရန် တောင်းဆို ထားသော်လည်း အသင်းဘက်မှ တုန့်ဆိုင်းနေသဖြင့် အိုင်ယာလန်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပရော်ဖက်ရှင်နယ် ဘောလုံး လောကတွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို အတိအကျ မပြောနိုင်ကြောင်း အိုင်ယာလန်က ထပ်ဆင့် ပြောဆို လိုက်သေးသည်။

ယခုရာသီ မန်ချက်စတာ စီးတီး ကွင်းလယ်တွင် အထူးခြေစွမ်း ပြခဲ့သည့် အိုင်ယာလန်အား အင်္ဂလန် ထိပ်တန်းအသင်း အတော်များများက မျက်စိကျနေကြောင်း အင်္ဂလန်မှလာသော ဘောလုံးရပ်ကွက် သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here