အိန္ဒိယ အစိုးရပိုင် ကုမ္မဏီ မြန်မာနိုင်ငံမှ ပဲ တန်ချိန်များစွာ ဝယ်ယူရန်ကမ်းလှမ်း

alt

အိန္ဒိယနိုင်ငံ အစိုးရပိုင် PEC ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံ အရေအတွက် တန်ချိန် (၈၀၀၀) အထိမှာယူ တင်သွင်းရန် ကမ်းလှမ်း ထားကြောင်း သိရသည်။

ကမ်းလှမ်းမှုကို မေလ (၂၂) ရက်နေ့တွင် တရားဝင် အတည်ပြုမည် ဖြစ်ပြီး မေလ (၂၉) ရက်နေ့မှ စတင်ပြီး တင်ဒါများ ဖြည့်သွင်း သွားမည်ဟု PEC က ဆိုသည်။ တင်သွင်းမှုများကို ဇွန်လအတွင်း စတင်နိုင်မည်ဟု ကုမ္မဏီက ယုံကြည်ထားကြောင်း ကုမ္မဏီပိုင် ၀ဘ်ဆိုဒ်တွင် ရေးသား ဖော်ပြထားသည်။

တင်သွင်းသည့် ပဲ အမျိုးအစားများတွင် ပဲနီလေး၊ ပဲစိမ်းငုံ စသည်တို့ ပါ၀င်ပြီး (၂၀၀၉) ခုနှစ် မြန်မာ့ပဲ စိုက်ရာသီမှ ပဲများကို မှာယူထားခြင်း ဖြစ်ကြောင်း သိရသည်။ ပဲတန်ချိန် (၂၀၀၀) ကျော်ကို ကိုချီ-တူ တစ်ကော်ရင် ဆိပ်ကမ်းနှင့် ချန်နိုင်း ဆိပ်ကမ်းတို့မှ တဆင့် တင်သွင်းသွားမည် ဖြစ်သည်။

ပဲနီလေး တန်ချိန် (၂၀၀၀) ကို ချန်နိုင်း နှင့် မွမ်ဘိုင်း တို့မှ တင်သွင်း သွားမည်ဟုလည်း PEC ကဆိုသည်။ အိန္ဒိယ နိုင်ငံသည် ကောက်ပဲသီးနှံ ထွက်ရှိမှုနှင့် လိုအပ်သောပမာဏ မမျှတမှုကြောင့် ပြည်ပနိုင်ငံများမှ မှာယူ တင်သွင်းမှုများ ပြုလုပ်ရလေ့ ရှိသည်။ (၂၀၀၈-၀၉) ကောက်ပဲသီးနှံ ရာသီတွင် အိန္ဒိယမှ ကောက်ပဲတန်ချိန် (၁၄.၂၅)သန်း ထွက်ရှိသော်လည်း အမှန်တကယ် လိုအပ်နေသော ပမာဏမှာ တန်ချိန် (၁၇) သန်းနှင့် (၁၈) သန်းကြားတွင် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here