ကမ္ဘာ့ ရှားပါးစိန်ပွင့်အား လေလံတင် ရောင်းချ

alt

ကမာ္ဘ့ ရှားပါးစာရင်းဝင် စိန်ပြာကြီး တစ်ပွင့်ကို စံချိန်တင် ဈေးနှုန်းဖြင့် လေလံတင် ရောင်းချလိုက်ကြောင်း သိရှိရသည်။

ဂျီနီဗာတွင် ကျင်းပ ပြုလုပ်သွားသည့် ဆော့သီဘီ လေလံပွဲအတွင်း ရောင်းချလိုက်သော စိန်ပြာကြီးသည် အလေးချိန် (၇.၀၃) ကာရက် ရှိပြီး ပေါင်စတာလင် (၆.၁၂)သန်း ရရှိခဲ့သည်။ ယခု စိန်ပြာတုံးကြီးသည် အလေးချိန် အလိုက် တွက်ချက်ပါက ကျောက်မျက်ရတနာ သမိုင်းတလျှောက် ကမာ္ဘ့စံချိန်တင် လေလံဈေးကို ရရှိခဲ့ခြင်း ဖြစ်ပြီး တစ် ကာရက်လျှင် ပေါင် (၈၈၃၈၆၆) အထိ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို စိန်တုံးကြီး မတိုင်မီ (၂၀၀၇) ခုနှစ်က ဟောင်ကောင်တွင် (၆.၀၄) ကာရက် စိန်ပြာကြီးတစ်ပွင့်ကို ပေါင် (၅.၁၇) သန်းဖြင့် ရောင်းချခဲ့သေးသည်။ လေလံ တာဝန်ခံများက အပြစ်အနာအဆာ လုံးဝမရှိအောင် သွေးထားသည့် အဆိုပါ စိန်ပြာတုံးကြီးအား အမည်မဖော်လိုသူ တဦးက တယ်လီဖုန်းမှ တဆင့် လေလံ ဆွဲခဲ့ခြင်းဖြစ်သည်။

စိန်ပြာများသည် စိန်အမျိုးအစားများ အနက် ဒုတိယ အရှားပါးဆုံးနှင့် တန်ဖိုး အရှိဆုံးအဖြစ် သတ်မှတ်ခံထားရပြီး စိန်လောကတွင် တန်ဖိုး အကြီးဆုံးမှာ စိန်နီများ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here