ကျောင်းဆရာမ ဖြစ်ချင်ပြန်တဲ့ ဘရစ်တနီ

alt

ဘရစ်တနီ စဖီးယား က သူမသည် ကျောင်းဆရာမ တစ်ဦး ဖြစ်ချင်သည့် ဆန္ဒများ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အသက် (၂၈) နှစ်ရှိပြီ ဖြစ်သော Pop အဆိုတော် အနုပညာရှင် တစ်ဦး၏ ဘဝတွင် အောင်မြင်မှုများ ရရှိ နေသည့်တိုင် သာမန် ဘဝမျိုးဖြင့်လည်း ဖြတ်သန်းချင် မိနေကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။ ဘရစ်တနီ ၏ ၀မ်းကွဲညီမ ဖြစ်သည့် အလီဆမ် က ဘရစ်တနီသည် ကျောင်းဆရာမ တစ်ဦး ဖြစ်ချင်ကြောင်း အမြဲ ပြောလေ့ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

တခါတရံတွင် ယခုကဲ့သို့သော ဘဝမျိုးတွင် ကြာမြင့်စွာ ရှိနေသည့် အတွက် စိတ်ပျက်မိကြောင်း ဘရစ်တနီက ညည်းညူလေ့ ရှိသည်ဟုလည်း ဆမ်က ပြောကြားသည်။ ဆမ်သည် (၂၀၀၇) ခုနှစ်က ဘရစ်တနီ တယောက် စိတ်ကျရောဂါကြောင့် ခေါင်းပေါ်မှ ဆံပင်များ ရိတ်ပစ်ခဲ့မှုနှင့် ပတ်သက်ပြီးလည်း ကာကွယ်ပြောဆို ခဲ့သေးသည်။

ဘရစ်တနီသည် သူမ စိတ်တွင် ပေါ်လာသည့်အတိုင်း လုပ်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက် ပါပါရာဇီ သတင်းထောက်များက သည်းခြေကြိုက် ဖြစ်ခဲ့ရပြီး ဘရစ်တနီအား ပိုမို ဖိအားသက်ရောက်အောင် ရေးသား ပြုလုပ်ခဲ့ကြကြောင်း ဖျော်ဖြေရေး ၀ဘ်ဆိုဒ် တခုဖြစ်သည့် Splash သို့ ထိုကဲ့သို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here