ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်မှု လုပ်ငန်းပြီးဆုံး

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးကို အာကာသ အတွင်း အပြင်ထွက်၍ ပြုပြင်နေသည့် နက္ခတ်ဗေဒ ပညာရှင်များ၏ လုပ်ငန်းအားလုံး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

မေလ (၁၈) ရက်နေ့က မှန်ပြောင်းကြီးအား ပြန်လည် ပြင်ဆင်မှု လုပ်ငန်းအားလုံး ပြီးစီး သွားပြီ ဖြစ်ကြောင်း နာဆာက ထုတ်ပြန် ကြေညာလိုက်ပြီး အတ္တလန္တစ် လွန်းပျံယာဉ်မှ အာကာသ သူရဲကောင်းများသည် လူသားတို့၏ စွန့်စားမှုသမိုင်းတွင် အကြီးမားဆုံး မှတ်တိုင် တခုကို စိုက်ထူ လိုက်ခြင်းဟု ချီးကျူး ပြောကြားလိုက်သည်။

ယခုအခါ သက်တမ်း ၁၉နှစ်ရှိသော မှန်ပြောင်းကြီးသည် အာကာသ၏ လျှို့ဝှက်ချက်များကို ယခင်ကထက် ပိုမိုပြောင်မြောက်စွာ ဖော်ထုတ် နိုင်တော့မည်ဖြစ်သည်။ ထို မှန်ပြောင်းကြီးအား ပြင်ဆင်ခြင်းနှင့် ပိုမို ကောင်းမွန်အောင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို (၅)ရက် မျှကြာအောင် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ဟာဘယ် မှန်ပြောင်းကြီး၏ ကြံ့ခိုင်မှု အနေအထားသည် အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ်(၅)နှစ်မှ (၁၀)နှစ် အတွင်း ပြင်ဆင်မှုများ ထပ်မံပြုလုပ်ရန် မလိုအပ်သော အနေအထားထိ ရောက်ရှိလာပြီဟု နာဆာက ထုတ်ဖော် ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here